၂၀၁၀၊ ဖေဖော်ဝါရီလတွင် သီရိလင်္ကာနိုင်ငံသို့ ကျောင်းတက်ရန် ရောက်ရှိခဲ့သည်။ ဒီဇင်ဘာလတွင် http://www.thuthayet.co.cc/ အမည်ဖြင့် ကိုယ်ပိုင်မှတ်စုလေးတစ်ခုအဖြင့် ဖန်တီးကာ ဗဟုသုတမျှဝေရန် ရည်ရွယ်လျက် အင်တာနက်စာမျက်နှာလေးကို စတင်ဖွင့်လှစ်ခဲ့သည်။ အကြောင်း အမျိုးမျိုးကြောင့် အရင်အင်တာနက် စာမျက်နှာဟောင်းရှိ တင်ထားပြီးသမျှ မှတ်စုများအားလုံးကို ဤ စာမျက်နှာသစ်သို့ ပြန်လည်တင်ထားရခြင်းဖြစ်ပါသည်။ ၂၀၁၀-ခုနှစ်က ရေးသားခဲ့သည့် ဆောင်းပါးစသည် တို့ကို “၂၀၁၀-နေ့စွဲများ”၊ ၂၀၁၁-တွင် ရေးသားခဲ့သည့် ဆောင်းပါးစသည်တို့ကို “၂၀၁၁-နေ့စွဲများ”ဟု နဂိုမူရင်း ခေါင်းစဉ်၊ အကြောင်းအရာများနှင့်အတူ ဤစာမျက်နှာတွင် ပြန်လည်တင်ဆက်ထားပါသည်။
“တောင်းပန်လွှာ”
စကားရွေ့လှန်၊ မှားမေ့ကျန်၍
မမှန်ယိမ်းကျော်၊ တိမ်းပါးသော်လည်း
သူတော်တကာ၊ သည်းခံပါဟု
သံသာပျောင်းပျ၊ တောင်းပန်ခ၏
မာနမောက်မို၊ ငါစာဆိုဟု
မလိုမလား၊ ပိုမလွှားတည့်......။ (အဘိရူပကပျို့)
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Thursday, April 26, 2012
No response to “revuttamananda.blogsot.com”
Post a Comment