“၀မ်းနည်းမှတ်တမ်း မဖတ်မိသူသို့”
တိမ်တွေငိုတာကို
မိုးရွာတယ်တဲ့
မျက်ရည်ပေါက် ကြီး-ငယ်ကျနေတာကို
လရောင်ဆမ်းသတဲ့
တိမ်တွေရဲ့မျက်ရည်ကို ကမ္ဘာကြီးက အသိအမှတ်ပြုတယ်
ဝမ်းနည်းနေတဲ့ လ-ကို သမုဒ္ဒရာကြီးက နှစ်သိမ့်တယ်….
သွေးမျက်ရည်စီးတဲ့ နှလုံးသားနဲ့
ငါငိုနေတာကို ဘယ်သူမှမသိဘူး
အသံမဲ့နေတယ်
အရောင်လွင့်နေတယ်
ဒြပ်မရှိ အဆင်းမရှိသလို
ခံစားချက်တူသူလည်း မရှိခဲ့ဘူး
နှလုံးသားတစ်ခြမ်းနဲ့အတူ မင်းပျောက်နေတယ်……။
သူ (သရက်)
April 20, 2012
No response to “၀မ်းနည်းမှတ်တမ်း မဖတ်မိသူသို့”
Post a Comment