သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

ပန်းတိုင်ရောက်ဖို့ လမ်းမှန်လျှောက်စို့

"ပန်းတိုင်ရောက်ဖို့ လမ်းမှန်လျှောက်စို့"
ကိုယ့်ကိုယ်ကိုသိ
အလုပ်ရှိ
မှန်းချက်ပန်းတိုင် မြင့်ရမည်။
မိတ်စစ်ကိုရှာ
ဝန်းကျင်သာ
ကိုယ်တိုင်မှာလည်း ဖြောင့်ရမည်။
လုံ့လရှိစွာ
ရိုးဖြောင့်ကာ
လိုရှိတိုင်းအရာ ကျင့်ရမည်။
ဖြတ်လမ်းပယ်ကာ
လမ်းမှန်ရှာ
အများကောင်းကျိုးသာ ဆောင်ရမည်။
သူ့အကျိုးဆောင်
ကိုယ့်ကျိုးအောင်
ဘ၀ ခု-နောင် ချမ်းသာမည်။
သူ့ဂုဏ်ကိုဆောင်
ကိုယ့်ဂုဏ်ရောင်
ခုရောနောင်ပါ ထွန်းပြောင်မည်။
သူ့ကျိုးရှာမှီး
ကိုယ့်ကျိုးပြီး
ခိုမှီးရသည် နိဗ္ဗူပြည်။
   သူ (သရက်)
       January 14, 2012

No response to “ပန်းတိုင်ရောက်ဖို့ လမ်းမှန်လျှောက်စို့”

Post a Comment