Posted by
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
at
1:18 AM
Sunday, April 29, 2012
Labels:
ဟာသ
အဖေဆိုတာ ဒီလိုမျိုး
တစ်နေ့တွင်……..
သားအဖနှစ်ယောက် မြို့တက်လာသည်။ ရေခဲချောင်းသည်နှင့်တွေ့ရာ ၀ယ်စားရန် ဆုံးဖြတ်လိုက်ကြသည်။ တောအရပ်တွင် ကြားရုံသာ ကြားဖူးပြီး တစ်ခါမျှ မစားဘူးသော ရေခဲဆိုတာကြီးကို စားရတော့ မည်ဖြစ်၍ ၀မ်းသာနေကြ၏။ ရေခဲချောင်းသည်က အရင် ထုတ်ပေးသော ရေခဲချောင်းချောင်းကို သားဖြစ်သူအား အရင်စားစေ၏။ သားဖြစ်သူလည်း အငမ်းမရဖြင့် ကိုက်လိုက်ရာ “အား”ဟု ထအော်လေ၏။ အဖေဖြစ်သူက ကမန်းကတန်းပြောလိုက်၏။ “သေစမ်းကွာ….! အဲသလောက် အ..ရလား……!....ဒီလောက်တောင် အငွေ့တထောင်းထောင်းထနေတာ အနည်းအပါး မှုတ်ပြီးစားပါးလား-ဟူ၏။” ထိုအချိန် ရေခဲချောင်းသည်က လှန်းပေးလိုက်သော ရေခဲချောင်းကို အဖေဖြစ်သူမှာ အားပါးတရမှုတ်လေတော့၏။ သားဖြစ်သူက “ပူတာမဟုတ်ဘူး၊ အေးတာဗျ အဖေရ” ဟု ပြောလိုက်တော့မှ၊ အဖေဖြစ်သူမှာ စောစောကပြောပါလားဆိုကာ ရှက်ရှက်ဖြင့် ရပ်လိုက်တော့၏။ မိုး (အထက်မင်းလှ)
15 April 2012
No response to “အဖေဆိုတာ ဒီလိုမျိုး”
Post a Comment