သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)
Showing posts with label မြန်မာဆောင်းပါး. Show all posts
Showing posts with label မြန်မာဆောင်းပါး. Show all posts

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၃)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၃)
အောက်လက်ငယ်သားကို အကာကွယ်ပေးတတ်ခြင်း
(သို့)
တာဝန်ယူတတ်ခြင်း
          ဘုရားလောင်းဖြစ်တော်စဉ်ဘ၀ ပါရမီဖြည့်စဉ်ကာလများကို ဂရုတစိုက်ကြည့်မည်ဆိုပါ အနစ်နာခံခြင်း သဘောတရားကို အထင်ရှားတွေ့နိုင်ပါသည်။ ထိုအနစ်နာခံခြင်းကို ပါရမီတစ်ပါးအနေဖြင့် ကျင့်ဆောင်ခြင်းကိုလည်း တွေ့မြင်ရပြန်သည်။ တစ်နည်းအားဖြင့်ကြည့်သော် မိမိနောက်လိုက်များအတွက် ကိုယ်ကျိုးစွန့်ကာ အကာကွယ်ပေးခြင်းမျိုးကို ရဲရဲဝံ့ဝံ လုပ်ဆောင်ခြင်းကို တွေ့ရသည်။ အောက်လက်ငယ်သားအပေါ် အလေးထား အကာကွယ်ပေးခြင်းများသည်ယနေ့ခေါင်ဆောင်များသာမက ခေတ်အဆက်ဆက် ခေါင်းဆောင်များအားလုံး လေးစားလိုက်နာသင့်၏။ ကျင့်သုံးသင့်၏။
          မည်သည့်အတွက် ခေါင်းဆောင်ဖြစ်လာကြသနည်း၊ ဖြစ်လာရသနည်းဟု စဉ်းစားကြည့်သော် သာမန်လူတို့ထက် သာလွန်သည့် အချက်များကြောင့်ဖြစ်၏။ ထိုသာလွန်သည့် အချက်များဆိုသည်မှာ အကျင့်အားဖြင့်လည်းဖြစ်နိုင်၏။ ပညာအားဖြင့်လည်း ဖြစ်နိုင်၏။ အနစ်နာခံမှုလည်း ဖြစ်နိုင်၏။ အဓိကအားဖြင့် မေတ္တာနှင့်ကရုဏာကို အခြေခံထား၍ အမြော်အမြင်ပညာနှင့်ပြည့်စုံသော အပြောအဆိုနှင့် လုပ်ရပ်တို့ဖြစ်ဖိုသာလိုသည်။ မည်သည့်အနေထားတွင် ရောက်နေစေကာမူ အဆိုပါပေတံတို့ဖြင့် မည်ကဲ့သို့သော ခေါင်းဆောင်ဖြစ်သည်ကို တိုင်းတာနိုင်သည်။ မှတ်ကျောက်တင်နိုင်သည်။
          ခေါင်းဆောင်သည် အကျင့်သိက္ခာတို့နှင့် ပြီးပြည့်စုံလှသော သူတော်ကောင်း ဖြစ်ကောင်းမှဖြစ်ပေမည်။ သို့ရာတွင် အမျိုးထိလျှင် မချိအောင်နာတတ်၏။ တစ်နည်းအားဖြင့်မူ မိမိနောက်လိုက်တို့အပေါ် အန္တရာယ်ကျရောက်လာမူ ခေါင်းမရှောင်တတ်၊ ကောင်းကောင်းဦးဆောင်တတ်သည်။ အစွမ်းကုန် အကာကွယ်ပေးတတ်သည်။
          နယ်ပယ်တစ်ခုတွင်ရှိသော ခေါင်းဆောင်သည် အခြားနယ်ပယ်တစ်ခုအတွက် အမှိုက်ပင်ဖြစ်စေကာမူ မိမိနယ်ပယ်တွင်တော့ ရွှေပင်ဖြစ်၏။ အများကိုးစားခံရ၏။ သို့ရာတွင် အားလုံးအတွက်ဖြစ်သော ခေါင်းဆောင်သည်ကား နယ်ပယ်အကန့်အသတ်မရှိ ရွှေဖြစ်၏။ အကြောင်းမှာ ကျောသားရင်သား မခွဲခြား၊ အားလုံးအပေါ်တွင် တူညီသည့်သဘောထား ရှိသောကြောင့်ဖြစ်သည်။
*****
          တရံရောအခါတွင် နောက်လိုက်ငါးရာစီရှိသော သမင်များကို ဦးဆောင်သည့် သမင်ခေါင်းဆောင် နှစ်ကောင်တို့သည် အမျိုးတုံးပျက်စီးမည့်ဘေးဆိုး ကပ်ဆိုးကြီးကို တွေ့ကြုံရလေသည်။
သမင်သားအစားကျူးသော ရှင်ဘုရင်သည် မိမိဝန်ထမ်းများသာမက တိုင်းသူပြည်သာများကိုပါ တောလိုက်ထွက်ရန် မကြာခဏဆင့်ခေါ်လေ့ရှိသောကြောင့် တိုင်းသူပြည်သားတို့ အလုပ်ပျက်ကြ၍ စီးပွားရေး ထိခိုက်ကြရသည်။ ပြည်သူများတိုင်ပင်ပြီး တောသမင်များကို ထောင်ချောက်ဆင်ကာ ဘုရင့်ဥယျာဉ်တော်အတွင်း ရောက်အောင်သွင်းပြီး အခိုင်အခံ့ပိတ်လှောင်ထားကြ၏။ သို့နှင့် တိုင်းသူပြည်သားများ အလုပ်ပျက်ခံစရာမလိုတော့ဘဲ ရှင်ဘုရင်သည် သမင်သားကို လွယ်လင့်တကူ နေ့စဉ်စားနိုင်သော်လည်း သမင်တို့မှာကား ဘေးဆိုးကပ်ဆိုးကြီးဖြစ်တော့သည်။
           တစ်ခါတစ်ရံတွင် ရှင်ဘုရင်ကိုယ်တိုင် သမင်ကိုသတ်၍ ရံခါတွင်မူ စာဖိုမှူးကသတ်ရ၏။ လှောင်အိမ်ထဲရောက်နေသော သမင်တို့သည် တွေ့မြင်ရာအကောင်ကို သတ်လေ့ရှိသောကြောင့် အသတ်မခံရရန် ပြေးလွှားကြ၏။ ထိုကြောင့် တစ်ကောင်နှစ်တစ်ကောင် ထိခိုက်မိရာ ဒဏ်ရာပြင်းစွာလည်းရကြ၏။ သေလည်းသေကြ၏။  အသက်ရှင်နေသမျှ ကောင်းကောင်းမွန်မွန် နေထိုင်ရှင်သန်နိုင်စေရန် သမင်ခေါင်းဆောင်တို့ အဖြေရှာချက်ကား နှစ်ဖက်လုံးမှာရှိသော သမင်တို့သည် သတ်မှတ်ထားသောနေရာတွင် အလှည့်ကျအသတ်ခံရန်ဖြစ်လေသည်။
          တစ်နေ့တွင် ကိုယ်ဝန်ရှိသော သမင်မတစ်ကောင်သည် အသတ်ခံဖို့ အလှည့်ကျရောက်လာသည်။ မိမိအသက်သေရမည်ကို မမှုသော်လည်း လောကထဲကိုပင် ရောက်မလာသေးသည့် ရင်သွေးအတွက်ကား ရတက်မအေးနိုင်ဖြစ်နေ၏။ တိရစ္ဆာန်ဖြစ်သော မိဘသည်လည်း မိဘသည်သာဖြစ်၏။ အထီး-အမမှန်း မသိခင်မှာပင် ရိုးတွင်းချဉ်ထိ ချစ်စိတ်တွေပေါက်ဖွားလာသည်။ မိမိသွေးမှပင်ဖြစ်သော ကိုယ်ပွားလေးများပင် မဟုတ်ပါလား။
          ကိုယ်ဝန်ဆောင် သမင်မသည် မိမိပြဿနာကို ခေါင်းဆောင်ကိုတင်ပြသည်။ မီးဖွားပြီးမှ အသတ်ခံရပါစေ၊ အခုမိမိကို အလှည့်ကျော်ပေးပါဟူ၏။ အသက်တစ်ချောင်းကို အစားထိုးရန်မှာ မဖြစ်နိုင်ကြောင်း၊ ကတိအတိုင်း ကိုယ့်အလှည့်တွင် ကိုယ်သာအသတ်ခံရန် ဆုံးဖြတ်ပေးလိုက်သည်။ ကြံရာမရသော သမင်မသည် အခြားတစ်ဖက်တွင်ရှိသော သမင်ခေါင်းဆောင်ထံသွားပြန်သည်။ မိဘသည် သား-သမီးအတွက် တစ်ခါဘူးမျှမလုပ်လူးသောအလုပ်ကိုပင် လုပ်ရန်ဝန်မလေးကြ၊ အောက်ကျနောက်ကျခံရဖို့ဆိုလည်း ထည့်မတွက်တတ်ကြပေ။ သား-သမီးများ သိတတ်ရန်ဖြစ်ပေသည်။
          တစ်ဖက်ခေါင်းဆောင်ထံ အကူညီတောင်းရန်ရောက်သွားသော သမင်မကို အဆိုပါခေါင်းဆောင်က မေတ္တာပြည့်သောအကြည့် ကရုဏာဖုံးသော အပြုံးတိုဖြင့်နှစ်သိမ့်လိုက်သည်။ အေးအေးဆေးဆေးအနားယူ၍ ချမ်းသာစွာဖြင့်မီးဖွားရန် အားပေးစကားပြောကြားလိုက်သည်။ ခေါင်းဆောင်ကောင်း၏ နောက်လိုက်ဖြစ်ရခြင်းကြောင့်ရသော ချမ်းသာခြင်း၏ သင်္ကေတကို သမင်မသည် အခုမှ သဘောပေါက်ရတော့သည်။
          မှန်၏။ သူတစ်ဦး အသက်ရှင်ဖို့ အခြားသူတစ်ယာက်၏ အသက်တစ်ချောင်းကို အစားထိုးဖို့ဆိုသည်မှာလည်း မလျော်ကန်သော ကိစ္စဖြစ်၏။ တာဝန်ယူလိုက်သော ခေါင်းဆောင်သည် မိမိအသက်ကိုပင် အစားထိုးရန်ဆုံးဖြတ်လိုက်၏။ ဗုဒ္ဓမြတ်စွာ၏ တရားတော်အရ သတ္တ၀ါအားလုံးသည် အသက်ဘေးမှ ကြောက်ကြသည်ချည်းဖြစ်၏။ အလားတူပင် မိမိကိုယ်ကိုသာ အချစ်ဆုံးဖြစ်၏။ ခေါင်းဆောင်ကောင်းတို့၏ တာဝန်သိစိတ်၊ တာဝန်ယူစိတ်ကား အံ့ဖွယ်အတိဖြစ်သည်။ ကိုယ်တိုင်ပင်အသတ်ခံရန်အတွက် သတ်မှတ်ထားသော နေရာကိုသွားကာ အသင့်စောင့်နေလိုက်သည်။
          သမင်သတ်ရန်လာသော စားဖိုမှူးသည် တွေ့လိုက်ရသော မြင်ကွင်းကြောင့် မင်သက်မိသွားသည်။ အခါတိုင်းတွင် ဘာအတွေးမျှ မတွေးဘဲ လွယ်လင့်တကူ သတ်သွားလေ့ရှိသော လက်မရွံ့ စားဖိုမှူးသည် တစ်စုံတစ်ရာ ချွတ်ချော်သွားခြင်းကြောင့် မိမိအသက်အိုးအိမ် ပျက်စီးမည်ကိုတော့ ကြောက်၏။ မှန်ပေသည်။ ယခု အသတ်ခံရန် စောင့်ဆိုင်းနေသူမှာ သမင်တို့၏ ခေါင်းဆောင်နှစ်ကောင်အနက်မှ တစ်ကောင်ဖြစ်သည်။ ရွှေအဆင်းရှိကြ၍ ရှင်ဘုရင်ကိုယ်တိုင် အသက်ချမ်းသာခွင့်ပေးထားသော သမင်ခေါင်းဆောင်များဖြစ်ကြသည်။
          စားဖိုမှူး၏ အကြောင်းစုံလျှောင်တင်ချက်ကြောင့် ဘုရင်ကိုယ်တိုင် ဥယျာဉ်တော်ကို ကြွလာသည်။ အသက်ဘေးကြောင့်ပင်ဖြစ်စေကာမူ လက်မလွန်ခင် တင်ပြတတ်သော စားဖိုမှူးကဲ့သို့ နောက်လိုက်များကိုလည်း အလေးထားဖို့ရန်ဖြစ်သည်။ လူ့သမိုင်းတစ်လျောက်တွင် အခါနှောင်းမှ သိလိုက်ကြရသည့် လက်အောက်ငယ်သားတို့၏ လုပ်ရပ်များကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့ရဖူးသည်။ ဥပမာအားဖြင့် “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း…….” အစချီသည့် ဂန္ထ၀င်ကဗျာကို ရေးစပ်ခဲ့သည့်  အနန္တသူရိအမတ်၏ ဖြစ်ရပ်မျိုး ဖြစ်ပေတော့သည်။
          အသက်ချမ်းသာခွင့်ကို ပေးထားပါလျှက်နဲ့ အလှည့်ကျအသတ်ခံအောင် လာရသည့်အကြောင်းကို မေးမြန်းရာ သမင်ခေါင်းဆောင်သည် အကျိုးအကြောင်း ပြန်လည်ပြောပြ၏။ ရှင်ဘုရင်သည် တာဝန်ယူသင့်သည်ကို တာဝန်ယူတတ်သော အောက်လက်ငယ်သားအပေါ် စာနာထောက်ထားသော အနစ်နာခံတတ်သော ခေါင်းဆောင်ကောင်းတို့ စိတ်ဓာတ်ကိုလေးစားသွားသည်။ တိရစ္ဆာန်ပင်ဖြစ်စေကာမူ သူတော်ကောင်းတရားကို ကျင့်သုံးနိုင်သည့် သမင်ကို အတိုင်းထက်အလွန် ကြည်ညိုသွားသည်။
          သမင်းအပေါင်းကို အစပြုကာ ကုန်းနေ၊ရေအောင်း လေတွင်ကျက်စား တိရစ္ဆာန်အားလုံးတို့ ဘေးမဲ့ပေးခြင်းခံရကုန်သည်။ ခေါင်းဆောင်ကောင်းတို့၏ အပြုအမူနှင့် လုပ်ရပ်တို့သည် အားလုံး၏ လေးစားဖွယ်ရာဖြစ်သည်။ လိုက်နာကျင့်သုံးဖွယ်ဖြစ်သည်။ လက်ရှိပစ္စက္ခမှာပင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြရသည်။
          တာဝန်ယူတတ်သော ခေါင်းဆောင်သမင်သည် ဘုရားအလောင်းဖြစ်၍၊ တာဝန်မဲ့ပြုတတ်သော ခေါင်းဆောင်မှာ ဒေ၀ဒတ်အလောင်း ဖြစ်လေသည်။ ဤဇာတ်တော်တွင် လောကအတွက် အနစ်နာခံတတ်သော ခေါင်းဆောင်ကောင်း၏ သဘောထားနှင့် အသာစံလိုသော ခေါင်းဆောင်အမည်ခံ ခေါင်းရှောင်တတ်သူ၏ သဘောသဘာဝကိုလည်း တွေ့မြင်ရသည်။
ဘုရားအလောင်းတော်၏ ဖြစ်စဉ်ဘ၀များကို သုံးသပ်၍ ပညာရှိ သူတော်ကောင်းတို့သည် ဘုရားရှင်အား ဘုရားဖြစ်မှ ကြည်ညိုကြသည်မဟုတ်၊ ဘုရားလောင်းဘ၀ ပါရမီဖြည့်စဉ်ကာလ နုစဉ်ဘ၀ ကတည်းကပင် အလောင်းတော်၏ စိတ်ဓာတ်နှင့် လုပ်ရပ်တို့ကို ကြည်ညိုပြီး ဖြစ်သောဟူ၏။ မှန်၏။ လူသည် အကောင်း-အဆိုး၊ အကျိုး-အပြစ်ကို ကောင်းကောင်းသိမှသာလျင် ပီဘိလူဖြစ်နိုင်၏။ အပေါ်ယံမျှ ကောက်ချက်ချပြီး ပြုမူလုပ်ဆောင်ချေက တစ်သက်လုံး လူဖြစ်ရှုံးနိုင်ပေသည်။
*****
          ခေါင်းဆောင်းကောင်းတို့မည်သည် ဆွေမျိုးတို့၏အရေးကိုလည်း လျစ်လျူမရှုအပ်ပေ။ ဤသဘောတရားကို မင်္ဂလသုတ်တွင် “ဥာတကာနဉ္စ သင်္ဂဟော= ဆွေမျိုးတို့အား ချီးမြှင့်ထောက်ပံ့ခြင်းသည် မင်္ဂလာဖြစ်၏” ပြထား၏။ ထို့အတူ ရတနသုတ်တွင် ကျင့်ဆောင်ရမည့်တရား သုံးမျိုးကိုပြဆိုရာတွင် “ဥာတတ္ထစရိယ= ဆွေမျိုးသားခြင်းတို့၏ အကျိုးကို ဆောင်ရွက်ခြင်း”သည် တစ်ပါးအပါအ၀င်ဖြစ်သည်။ ဘုရားရှင်ကိုယ်တိုင်ပင် ဆွေတော်မျိုးတော်တို့ အရေးအတွက် စစ်မဖြစ်ဖို့ရန် ၀ိဋ္ဋဋူဘမင်းထံ မေတ္တာရပ်ခံဘူးသည်ကို အများသိကြပြီးဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လောကအကျိုး-သံသရာအကျိုး နှစ်မျိုးလုံးပါဝင်၏။ လောကအကျိုးဆိုသည်မှာ မျက်မှောက်ချမ်းသာရေးဖြစ်သည်။ သံသရာအကျိုးဆိုသည်မှာ ဘာသာရေးကို ဆိုလိုခြင်းဖြစသည်၏။ မိမိအမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်ရမည်ဖြစ်၏။ ယနေ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလိုက်နာပါသည်ဆိုသော နိုင်ငံကြီး/ငယ်များ အပါအ၀င် ဘာသာကိုနိုင်ငံအဖြစ် ကိုယ်စားပြုထားသော နိုင်ငံများအားလုံးတွင် လူအခွင့်အရေးသမား စသူတို့ပြောဆိုနေသော ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်မှာ ဘယ်ပုံစံလဲဟု မေးခွန်းထုတ်ရအောင်ဖြစ်နေသည်။ နိုင်ငံရပ်ခြားတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်သော ဗုဒ္ဓဘာသာ မြန်မာများ အားလုံးသိပြီးဖြစ်သည်။ ကိုယ်တွေ့ကြုံဖူးကြပြီးလည်းဖြစ်သည်။ ခေါင်းဆောင်တို့မည်သည် နောက်လိုက်တို့၏ အကျိုးကိုဆောင်ရာတွင် ယနေ့ကမ္ဘာတွင် ဖြစ်-ပျက်နေသာ အကြောင်းအရာများနှင့်အညီ ဝေဖန်ကျင့်သုံးသင့်သည်။ ဆိုလိုသည်မှာ ခြောက်တိုင်းကြောက်ရမည်မဟုတ်ဘဲ မြှောက်တိုင်းလည်း မြောက်ရမည်မဟုတ်ပေ။ လူတိုင်းတွင် ကိုယ့်အိမ်ကိုယ့်စည်းကမ်းဖြစ်၍၊ ကိုယ့်နိုင်ငံ ကိုယ့်မူဝါဒသာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်ရမည်ဖြစ်သည်။
ဆွေမျိုးအကျိုးဆောင်သည်နှင့် စပ်လျဉ်း၍ ခေါင်းဆောင်ကောင်းတို့ လုပ်ဆောင်ချက်ကို ကုက္ကုရဇာတ်တွင်တွေ့ရ၏။ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ် ဘုရားလောင်းသည် အကြောင်းအားလျော်စွာ ခွေမျိုး၌ဖြစ်၍ ခွေတို့၏ အကြီးအကဲဖြစ်နေသည်။ တစ်နေ့တွင် ဘုရင်စီးသော ရထားတွင် အသုံးပြုသည့် သားရေတို့ကို ဘုရင်နှင့် ဆွေတော်မျိုးတော်များ မွေးမြူထားသည့် နန်းတွင်ခွေးတို့သည် ခိုးစားကြသည်။ အမျိုးယုတ်သူသည် မြင့်မြတ်သောနေရာကို ရောက်နေစေကာမူ ဗီဇကိုမစွန့်နိုင်သောကြောင့် မကောင်းသော အမူအကျင့်များကိုသာ ကျင့်လေ့ရှိ၏။
ရထားပျက်စီး၍ ဒေါသထွက်သော ရှင်ဘုရင်သည် သားရေတို့ကို ခွေးများစားသည်ဟုသာ အပေါ်ယံဆုံးဖြတ်၍ ခွေးမှန်သမျှသတ်စေ၏။ သို့ရာတွင် အမှန်တကယ်စားသော နန်းတွင်းခွေးများကား ချွင်းချက်အဖြစ် လွှတ်လေ၏။ ခွေးများသည် သေဘေးမှ ကြောက်လန့်သည်ဖြစ်၍ ဘုရားအလောင်းခွေးမင်းထံ ချဉ်းကပ်ကြ၍ အမျိုးတုံးသတ်ဖြတ်နေသော ဘေးမှလွတ်မြောက်ရန် တောင်းဆိုကြသည်။
ဆွေမျိုးအရေးအတွက် ဘုရားအလောင်းတော်သည် အန္တရာယ်အမျိုးမျိုးကို ကျော်ဖြတ်ကာ ရှင်ဘုရင်ထံရောက်အောင်သွား၏။ အဂတိတရား မလိုက်စားဘဲ တရားအတိုင်းသာ စီရင်ရန်တောင်းဆိုပြီး ဆွေမျိုးများကို ကယ်တင်ခဲ့ဖူးသည်။ 
သားသမီးအရေးသည် မိဘအရေးသာဖြစ်၏။ သားသမီးဘေးသည် မိဘဘေးသာဖြစ်၏။ ထို့အတူ နောက်လိုက်အရေးသည် ခေါင်းဆောင့်အရေးသာဖြစ်၏။ နောက်လိုက်တို့၏ ပြဿနာအထွေထွေ စား၊၀တ်၊နေရေး မပြေလည်မှုသည် ခေါင်းဆောင်အား တိုက်ရိုက်သက်ဆိုင်ပေသည်။ အကြီးအကဲအဖြစ် တင်မြောက်သည်မှာ နောက်လိုက်တို့၏ အသက်-အိုးအိမ်း-စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်သည် ခေါင်းဆောင်တာဝန်ကို ယူတတ်သော၊ ယူနိုင်စွမ်းရှိသောသူ ဖြစ်ဖို့လိုပါသည်။ နိဂုံးချုပ်အားဖြင့် ခေါင်းဆောင်ဆိုသည်မှာ တာဝန်သိသူ၊ တာဝန်ရှိသူ၊ တာဝန်ယူနိုင်သူ၊ တာဝန်ယူနိုင်စွမ်းရှိသူ ဖြစ်ရမည်ဟု အထက်ပါ ဖြစ်စဉ်များက မီးမောင်းထိုးပြထားသည်။ လောကသည် ထိုကဲ့သို့သော လူမျိုးကိုသာ လိုအပ်၍၊ ထိုကဲ့သို့သော လူမျိုးသည်လည်း လိုအပ်လို့လုပ်ရသည် မဖြစ်ရပေ။ လုပ်သင့်လို့၊ လုပ်ထိုက်လို့၊ လုပ်နိုင်လို့ လုပ်ရသူသာဖြစ်ရပေမည်။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                25 April 2012
ရည်ညွှန်း။       ။
နိဂြောဓမိဂဇာတ်၊
ကုက္ကုရဇာတ်၊
ပုံတော်စုံ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု၊ ပ-တွဲ၊ ညောင်ကန်ဆရာတော်။

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၂)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၂) 
လက်တွေ့ပါသော ကျိုးကြောင်းစီလျော်မှုဖြင့် လက်ခံစေခြင်း
          လူတို့သဘောသည် အမှန်စကားဆိုလျှင် နားဝင်ခါးလေ့ရှိ၏။ အမှန်ကိုပြောသူကလည်း ငါက အမှန်အတိုင်းပြောတာဟု ငါ..တကောကောနှင့် ပြောလေ့ရှိသည်။ ထို အမှန်ဆိုသည့် အချက်ကို လက်ကိုင်ပြုကာ ဖိထောင်းတတ်သော သဘောရှိ၏။ စကားသည် မှန်လည်းမှန်၏၊ လက်တွေ့လည်း ကျ၏။ နားဝင်ချိုအောင် မပြောတတ်လျှင်၊ မပြောလျှင် အလွန်ပင် အခံရခက်ပေသည်။ ဟိုမှာ မင်းအဖေလာနေတယ်လို့ မပြောဘဲ၊ ဟိုမှာ နင့်အမေ့လင်ကြီးလာနေတယ်ဟု အပြောခံရလျှင် စိတ်တွင်မည်သို့ ခံရမည်ကို တွေးကြည့်နိုင်ပါသည်။
          ယနေ့လူ့အဖွဲ့စည်းတွင် “ငါက ဆရာပဲ၊ ငါပြောတာကိုပဲ နားထောင်ရမယ်”။ “ ငါက မိဘပဲ၊ ငါပြောတာကို မလွန်ဆန်ရဘူး”။ “ငါက ခေါင်းဆောင်ပဲ၊ ငါပြောတာကိုလဲ လိုက်နာရမယ်၊ အထွန့်မတက်ရဘူး”။ စသည် စသည်ဖြင့် အများစုမှာ လက်ခံနိုင်ဖွယ်မရှိသည့် စကားများကို ကြား၊သိနေရသည်။ ဆရာ၊ မိဘ၊ အကို၊ အမ စသူတို့သည် အသိုင်းအ၀ိုင်းတစ်ခုကနေ အတိုင်းအတာတစ်ခုအထိ အကြီးအကဲ၊ ဦးစီးဦးဆောင်ပြုသူ သို့မဟုတ် ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုခြင်းကို ခံရပေသည်။
          အခြားသတိပြုသင့်သောအချက်မှာလည်း လူတို့သည် “မကောင်းဘူး၊ မမှန်ဘူး”ဟု ပြောဆိုနေလျှက် ကိုယ်တိုင်ကတော့ လက်ခံမှန်းမသိ လက်ခံနေမိတတ်၏။ မှားနေသည်ဟု တစာစာအော်နေလျှက်ကပင် ကိုယ်တိုင်ကမူ ကျင့်သုံးမှန်းမသိ ကျင့်သုံးနေမိတတ်ပြန်၏။ ယဉ်ကျေးမှုတွေ တိုးတက်လှပါသည့်ဆိုသော လူအဖွဲ့စည်းသည် အဘယ့်ကြောင့် မယဉ်ကျေးသည့် အပြုမူများကို ပြုလုပ်နေကြသည်မှာ စဉ်းစားဖွယ်ရာ အချက်ဖြစ်သည်။
          လူ့အဖွဲ့အစည်း အသီးသီးတွင်ရှိနေကြသော ခေါင်းဆောင်များသည် ပြောင်းလဲနေသော ပတ်ဝန်းကျင်နှင့် သင့်လျော်ရာ အချိန်အခါတို့အား တစ်စုံတစ်ခုကို ပြောဆိုတော့မည့်အခါ၊ လုပ်တော့မည့် အခါတိုင်းတွင် ထည့်သွင်းစဉ်းစားဖို့လို၏။ သို့မှာသာ မချစ်၍ အောင့်ကာနမ်းရသည့် အဖြစ်မျိုးမှ လွတ်ကင်းနိုင်မည်ဖြစ်သည်။ ထို့အတူ လက်တွေ့မပါသော သဘောတရားသည် ဆားမပါသော ဟင်းနှယ်ဖြစ်သည်ကို ခေါင်းဆောင်လုပ်သူတို့ လေးလေးနက်နက် သဘောပေါက်ရန် လိုအပ်သည်။
          မြတ်စွာဘုရားသည် ဘုရားလောင်းဘ၀ဖြင့် ပါရမီဖြည့်စဉ် ဘ၀များစွာတွင် အခြားအခြားသော ကိုယ်ကျင့်သီလများကို ပျက်ကောင်းပျက်နိုင်သော်လည်း မုသားစကားကိုတော့ မည်သည့်အခါမျှ မပြောဘူးခဲ့ဟု ဟရိတစဇာတ် အဋ္ဌကထာတွင်ဆို၏။ မည်သည့်အခြေနေတွင်ဖြစ်စေ အမှန်ကိုသာ ပြောဆိုလေ့ရှိ၏။ ထိုသို့ ပြောဆိုရာတွင်လည်း အများ လက်ခံကျင့်သုံးဖွယ်ဖြစ်အောင် ပြောဆိုတတ်၏။
*****
           ရှေးအခါက ကာသိတိုင်း၊ ဗာရာဏသီပြည်တွင် နွားလှည်းဖြင့် ကုန်ကူးသန်းရောင်းဝယ်သည့် ကုန်သည်နှစ်ယောက် ရှိခဲ့ဘူးသည်။ ၄င်းတို့နှစ်ဦးသည် ခေါင်းဆောင်များဖြစ်ကြပြီး နောက်လိုက် လှည်းသားကုန်သည် ငါးရာစီ အသီးသီးရှိကြသည်။
          တစ်နေ့တွင် အဆိုပါကုန်သည်နှစ်ဦးတို့သည် ကန္တာရတစ်ဖက်ခြမ်းရှိ မြို့တစ်မြို့ကို သွားရောက်၍ ကုန်ကူးသန်းရောင်းဝယ်မှုပြုရန် ပြင်ဆင်နေကြ၏။ သွားမည့်ခရီးနှင့် ရက်တို့သည် အပြိုင်တည်းဖြစ်နေသောကြောင့် အခက်တွေ့နေကြကုန်၏။ ထိုကြောင့် ပထမကုန်သည် ခေါင်းဆောင်သည် ဒုတိယကုန်သည် ခေါင်းဆောင်ကိုခေါ်စေကာ  ထိပ်တိုက်တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်၏။
          ပထမကုန်သည်စဉ်းစားသည်မှာ- ကုန်သည်နှစ်ဖွဲ့ ခရီးစဉ်တစ်ခုတည်းကို တစ်ပြိုင်နက်တည်း သွားပါက ခရီးဖင့်လိမ့်မည်။ ထင်း၊ရေတို့လည်း မလောက်မငဖြစ်လိမ့်မည်။ ၀န်တင်နွားတို့အတွက် အစာမြက်လည်း လုံလောက်လိမ့်မည်မဟုတ်။ ကုန်သည်နှစ်ဖွဲ့အနက်မှ တစ်ဖွဲ့သည်သာ အရင်သွားသင့်၍ အခြားတစ်ဖွဲ့ကမူ နောက်ချန်သွားသင့်၏။ မှန်၏။ ခေါင်းဆောင်ဖြစ်သူသည် ကုန်ကူသန်းဖို့ တစ်ခုတည်းသာမက လမ်းခရီးအခြေအနေ၊ ပတ်ဝန်းကျင်အနေအထား၊ မိမိအသုံးပြုမည့် ယာဉ်များနှင့် ၄င်တို့၏လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရ၏။ အမြတ်အစွန်း ရလိုမှု တစ်ခုတည်းကိုသာကြည့်လျှင် မလိုလားအပ်သည့် အခက်အခဲများနှင့် ရင်ဆိုင်ရမည်မှာ သေချာတော့၏။
          ညှိနှိုင်းတိုင်ပင်ကြရာတွင် ဒုတိယကုန်သည်က ကုန်ရောင်းရန် ရှေးဦးစွာသွားမည်ဆို၏။ ပထမကုန်သည်ကလည်း သဘောတူလိုက်၏။ ကုန်ကူးအောင် ဦးစွာသွားဖို့အတွက် ဒုတိယကုန်သည် စဉ်းစားသည်မှာ- သွားလာမှု၊ အသုံးပြုမှု နည်းသောကြောင့် မပျက်မစီးသော လမ်းကောင်းတို့ဖြင့်သာ သွားရလိမ့်မည်။ နောက်ပါကုန်သည်တို့သည်လည်း လမ်းခရီးတွင် မည်သူမျှ မသုံးဆောင်ရသေးသဖြင့် အသီးအနှံများကို ဖောဖောသီးသီး စားသုံးရလိမ့်မည်။ နွားတို့လည်း မြက်ကောင်းမြက်သန့်များ စားကြရလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာခြင်း မရှိသေးသည်ဖြစ်၍ သောက်-သုံးစရာရေတို့လည်း ကြည်လင်လိမ့်မည်။ ပါလာသည့် ကုန်ပစ္စည်းများကိုလည်း မိမိတို့စိတ်တိုင်း ကျ ဈေးသတ်မှတ်ကာ ရောက်ချနိုင်သည်။ ဒုတိယ ကုန်သည်ခေါင်းဆောင် စဉ်းစားချက်များမှာလည်း သင့်လျှော်သည်သာ ဖြစ်လေသည်။
          ပထမကုန်သည်၏ ယူဆချက်မှာလည်း နည်းကောင်းဖြစ်၍ မှတ်သားထိုက်၏။ အရင်သွားနှင့်သော ကုန်သည်တို့သည် လမ်းခရီးပျက်တာတွေ့ရလျှင် ပြင်ဆင်၍ သွားရ မည်ဖြစ်သောကြောင့် နောက်မှလိုက်သော မိမိတို့အုပ်စုသည် အချိန်နှင့်တစ်ပြေးညီ ခရီးဆက်နိုင်သည်။ ရှေ့အုပ်စုမှ ၀န်တင်နွားတို့သည် မြက်ဟောင်းများကို စားသွားပြီးဖြစ်၍ အသစ်တစ်ဖန် ပြန်လည်ထွက်လာသော မြက်များကို မိမိတို့၏ ကုန်တင်နွားများ စားကြရလိမ့်မည်။ ထိုအတူ ကုန်သည်များလည်း အသစ်ပြန်ပေါက်သော ဟင်းရွက်နုတို့ကို သုံးဆောင်ကြရ လိမ့်မည်။ ရေမရှိသောအရပ်တွင် ရေတွင်းရေကန်များကို တူးဖော်ရမည်ဖြစ် ၍ နောက်မှသွားသော မိမိတို့သည် ရေအတွက်ပူပန်စရာမလိုတော့။
          ကုန်သည်များအဖို့ နယ်မြေဒေသအသစ်တွင် မိမိကုန်ပစ္စည်းကို တန်ဖိုးသတ်မှတ်ရသည်မှာ အလွန်ခက်ခဲသော အလုပ်တစ်ခုဖြစ်၏။ အဆုံးအဖြတ်မတတ်လျှင် ရှုံးနိုင်သကဲ့သို့ တန်းဖိုးကြီးမားလွန်းနေကလည်း ရောင်းမကုန်ဖြစ်နိုင်၏။ ခရီးဝေးမှ သယ်ဆောင်လာရသည့်အပြင် မိမိအရပ်တွင် ပေါများသည့်ကုန်ပစ္စည်းကို တစ်ဖန်ပြန်သည်ရလျှင်လည်း မိအေးနှစ်ခါနာ ဖြစ်နိုင်၏။ သို့ရာတွင် ကုန်သည်တို့သည် အမြတ်အစွန်းရှာကြံတတ်သူများ ဖြစ်သည့်အလျှောက် ရှေးကုန်သည်တို့ သတ်မှတ်ထားသောဈေးဖြင့် မိမိတို့သည် လွယ်လင့်တကူ ရောင်းချနိုင်လိမ့်မည်ဖြစ်၏။ ဤသည်မှာ ပထမကုန်သည်ခေါင်းဆောင်၏ ယူဆချက်ဖြစ်၏။ နှစ်ဦးနှစ်ဖက် သင့်လျော်သည်သာဖြစ်၏။
          အခြားအခက်အခဲ တစ်ခုကား ရှိပါသေး၏။ ရှေးခေတ်အခါက ကုန်ကူးသန်းကြသူတို့မှာ ကန္တာရခရီးများကို ဖြတ်သန်းသွားလာကြရသည်။ ကန္တာရဆိုသည်မှာ သောက်ရေရှားပါးသောခရီး၊ လူသူ အရောက်အပေါက်နည်းသော တော၊တောင်ခရီး စသဖြင့် ဖွင့်ဆိုကြသည်။
          ရှေးခေတ်ကုန်သည်တို့၏ အဓိကဘေးအန္တရာယ်မှာ ကန္တာရခရီးများကို ဖြတ်သန်းကာ ကုန်ကူးသွားရခြင်းဖြစ်သည်။ ကန္တာရ ငါးမျိုးရှိကြောင်း တိပိဋက ပါဠိ-မြန်မာအဘိဓာန် အတွဲငါးတွင် ဖော်ပြထားသည်။ ယင်းတို့မှာ-
(၁) စောရကန္တာရ= ခိုးသား ဓားပြ သောင်းကျန်းသူတို့ ထကြွလွှမ်းမိုး အုပ်စိုးနေသော ခရီး၊
(၂) ၀ါဠကန္တာရ= ခြင်္သေ့ သစ်ကျား သားရဲတိရစ္ဆာန်တို့ ထကြွလွှမ်းမိုး ဆိုးသွမ်းသော လမ်းခရီး၊
(၃) နိရုဒကကန္တာရ= ချိုး-သောက်-သုံးစွဲရန် ရေမရှိသော ခရီး၊
(၄) အမနုဿကန္တာရ= ဘီလူးစိုးပိုင်သော လမ်းခရီးနှင့်
(၅) အပ္ပဘက္ခကန္တာရ= စားစရာ အာဟာရမရှိသော လမ်းခရီးတို့ဖြစ်သည်။
          ယခု ကုန်သည်များ ဖြတ်သန်းသွားရမည့်ခရီးမှာ အမနုဿကန္တာရ= ဘီလူးနေထိုင်ရာ လမ်းခရီးနှင့် အပ္ပဘက္ခကန္တာရ= စားစရာ ရေစသည်မရှိသာ ခရီးမျိုးဖြစ်သည်။ အဆိုပါကန္တာရခရီးကို အချိန်အတော်ကြာ ဖြတ်သန်းမိသောအခါ ရှေ့တည့်တည့်မှ လာနေသော လှည်းတစ်စီးနှင့် လူများကို တွေ့လိုက်ရသည်။ လှည်း၊နွားအပါဝင် သူတို့၏ ခန္ဓာကိုယ်များတွင် ရွှံများပေရေနေပြီး၊ ရေများရွှဲစိုနေ၏။ မိုးကြီးလေကြီး မိလာခဲ့ဟန်တူသည်။ ကုန်သည်များနှင့်တွ့သောအခါ အချင်းချင်း အပြန်မလှန် နှုတ်ဆက်ကြပြီး ရှေ့မနီးမဝေးမှာ မိုးကြီးသည်းထန်စွာရွာကြောင်း၊ အင်း-အိုင်-ချိုင့်ဝှမ်းတို့လည်း ရေများဖြင့်ပြည့်နေကြာင်း၊ ကြာများပင်ပေါက်နေကြောင်း ပြောဆိုကာ ခရီးဆက်ကြလေ၏။
          လှည်းကုန်သည်ခေါင်းဆောင်သည် မျက်မြင်ဖြစ်သော သက်သေသက်ကာယဖြင့် အဆိုပါလူတို့ ပြောစကားကိုယုံကြည်ကာ မိမိတို့ပါလာသော ရေများအားလုံးကို ကန္တာရထဲတွင် သွန်ပစ်ခိုင်းခဲ့လေသည်။ မျက်မြင်လက်တွေ့ဖြစ်သော အထောက်အထားကို မစူးစမ်း၊မဆင်ခြင်မိသော လှည်းကုန်သည်တို့သည် မျက်မြင်လက်တွေ့ကို ဥာဏ်မကူပဲ ယုံကြည်မိသည့်အလျှောက် ကန္တာရအလယ်ရောက်နေသော မိမိတို့အဖြစ်ကို မေ့နေမိလေသည်။ ခေါင်းဆောင်စကားအတိုင်း ပါလာသည့်ရေများအားလုံးကို စွန့်ပစ်ကာ ခရီးဆက်ကြလေသည်။
          မည်သည့်ကိစ္စတွင်မဆို ကျိုးကြောင်းဆီလျော်ပြီး သင့်တင့်သော စူးစမ်းဆင်ခြင်မှုကို မပြုမိချေက ဒုက္ခရောက်ရန် အကြောင်းဖြစ်တော့၏။ လှည်းကုန်သည်တို့ ခရီးအတော်ပေါက်အောင် ဆက်လက်သွားမိစေကာမူ ရေကိုတွေ့ဖို့ဆိုသည်မှာ ဝေးစွ မိုးရွာသော အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ဤသို့ဖြင့် နေပူခရီးကြဲကို လူရောနွားပါ ဖြတ်သန်းလာရသည်ကတစ်ကြောင်း သောက်ရေမရသည်က တစ်ကြောင်းတို့ကြောင့် အတိုင်းထက်အလွန် ပင်ပန်းမောက်ဟိုက်ကြကုန်၏။ ညရောက်၍ လှည်းနွားများကို ဖြုတ်နားကြသော်လည်း ထမင်း-ဟင်းချက်ရန် ရေမရှိသောကြောင့် အစားအသောက်ပါ ငတ်ကြကုန်၏။ ပင်ပန်းဆင်းရဲမှုကား အထွဋ်အထိပ်ရောက်လေပြီ။ ကိုယ်ခံအားများ ကုန်ဆုံး၍ မိန်းမောတွေဝေနေကြသော ကုန်သည်တို့အား ညဥ့်အခါတွင် ဘီလူးများသည် လာရောက်စားသာက်ကြကုန်၏။ ဘီလူးတို့သည် လူရောနွားတွေပါ စားသောက်ပစ်သောကြောင့် အရိုးများတောင်လိုပုံနေတော့၏။ အမှန်မှာ ကုန်သည်များလမ်းတွင် တွေ့ဆုံခဲ့သော ရေမိုးစိုနေသူများမှာ ဘီလူးများသာဖြစ်၏။ လူယောင်ဆောင်ထားခြင်းဖြစ်၏။
          မြှော်မြင်မှုမရှိ၊ ပညာနည်းသော ခေါင်းဆောင်တို့နောက်ကို လိုက်ပါရခြင်းဖြင့် မည်သည့်အခါမျှ မချမ်းသာ။ အဆိုပါခေါင်းဆောင်မျိုးကို ရရှိထားခြင်းသည် ခါးပိုက်ဆောင်ထဲရောက်နေသော လိုတရပတ္တမြားလိုမဟုတ်၊ ခါးပိုက် ပိုက်ထားမိသော မြွေပွေးပမာသာဖြစ်၏။ ကိုယ်၊ စိတ်နှစ်ပါး သောကပွားရ ၏။ ဒုက္ခဖြင့် အဆုံးသတ်ရ၏။ 
*****
          ဒုတိယကုန်သည် ခေါင်းဆောင်သောအဖွဲ့ ထွက်သွားပြီးနောက် လ၀က်ခန့်ကြာသော် ပထမခေါင်းဆောင်းနှင့်အဖွဲ့သည် အဆိုပါလမ်းခရီးအတိုင်း ကုန်ကူးသန်းရန် ထွက်ခဲ့ကြပြန်၏။ ကန္တာရခရီးကို ဖြတ်သန်းတော့ရမည့်အချိန်တွင် ခေါင်းဆောင်၏ အမိန့်အတိုင်း စားစရာသောက်စရာများကို ထပ်မံဖြည့်တင်းကြရသည်။ ထိုနောက်ခရီးဆက်ကြပြန်၏။ ခရီးမဆက်ခင် ပထမခေါင်းဆောင်က လမ်းခရီးတွင် မလိုအပ်ဘဲ ရေတစ်စက်တစ်ပေါက်ကိုမျှ မဖြုန်းတီးကြရန်၊ အသီးအရွက်များကို မိမိကိုအကြောင်းမကြားဘဲ မခူးမစားသောက်ကြန်ရန် မှာကြားလေသည်။ မှန်၏။ မိမိတို့ တစ်ခါမျှ မတွေ့ဘူးမ စားဘူးသော အသီးအနှံများသည် အဆိပ်သီးအဆိပ်ရွက်များ ဖြစ်နိုင်၏။ စူးစမ်းဆင်ခြင်ပြီးမှ စားသုံးသင့်၏။ ထိုကြောင့် ခေါင်းဆောင်က ဤသို့မှာကြားခြင်း ဖြစ်ဟန်ရှိ၏။
          ကန္တာရအလယ်ရောက်သောအခါ ပထမကုန်သည်ခေါင်းဆောင်ဆောာင်သော အဖွဲ့သည် ရှေးနည်းတူ ဒုတိယကုန်သည်ခေါင်းဆောင်သော အဖွဲ့အတိုင်း ကြုံကြရလေ၏။ ပါလာသည့်ရေများကို စွန့်ပစ်ခိုင်း၏။ ဥာဏ်နည်းသော နောက်လိုက်အချို့က မျက်မြင်တပ်အပ်ဖြစ်၍ ရေများကိုသွန်ပစ်ရန် ခေါင်းဆောင်ကိုအကြံပြု၏။ ၀န်တင်နွားတို့ သက်သာစေရန်၊ ခရီးတွင်စေရန် စသည်ဖြင့် အကြောင်းပြကြ၏။ ခေါင်းဆောင်ဖြစ်သူမှာ ပညာဥာဏ်အမြှော်အမြင် ရှိသူဖြစ်၍ ထိုသူများကိုမြင်သည်နှင့် လူယောင်ဆောင်ထားသည့် ဘီလူးများဖြစ်ကြောင်း ကောင်းစွာသိ၏။ နောက်လိုက်များ ကြောက်မည်စိုးသောကြောင့် မပြောတော့ဘဲ ရေငုံနှုတ်ဆိတ်ကာ ဘီလူးယောင်ဆောင်သူများ ခိုင်းသည့်အတိုင်း ရေများကိုမစွန့်ပဲ ခရီးဆက်ခြင်းဖြစ်၏။
          ယခုကား မနေသာတော့ပြီ။ နောက်လိုက်များအား ထိုသူတို့စကားကို နားမထောင်ရခြင်း၏ အကြောင်းရင်းကို ဖြစ်နိုင်ချေနှင့်တကွ ရှင်းပြရတော့မည်ဖြစ်သည်။ မှန်၏။ ခေါင်းဆောင်သည် လိုအပ်လာသောအခါတွင် “ငါပြောတာနားထောင်၊ မင်းဘာသိလို့လဲ၊ လျှာမရှည်နဲ့”ဟု ပြောမည့်အစား ကျိုးကြောင်းစီလျှော်သော ဖြေရှင်းချက်ကိုပေးရ၏။ သို့မှသာ နောက်လိုက်တို့၏ ယုံကြည်ကိုးစား ရာ ဖြစ်ထိုက်၏။ ခေါင်းဆောင်းတို့မည်သည် ကိစ္စရပ်တိုင်းကို နောက်လိုက် တို့အား ပြောပြရန်မလိုပါ။ ပြောပြရန်လည်း မသင့်ပါ။ ပြောသင့်ချိန်၊ ပြောသင့်သော အတိုင်းအတာ၊ ပြောသင့်ရာအခါကို ကောင်းစွာနားလည်ခြင်းသည်လည်း ခေါင်းဆောင်ကောင်းတို့ အရည်အသွေးတစ်ခု ဖြစ်ပေသည်။
          သတိပြုရန်အချက်ကား ခေါင်းဆောင်းကောင်းနောက်က လိုက်သည့်လူတိုင်းသည် နောက်လိုက်ကောင်းများ ဖြစ်သည်ဟု တထစ်ချ မမှတ်ယူနိုင်ခြင်းဖြစ် ၏။ ရှေးသွားခေါင်းဆောင်သည် သူမတူအောင်ကောင်းသော်လည်း နောက်လိုက်များမှာ ကျင်းတူးပြီး အောက်တန်းကျသည်ကို တွေ့မြင်နေရ၏။ မိဘ၊ ဆရာသမားလက်ထက်တွင် ရွှေထီးဆောင်းရသော်လည်း မိမိလက်ထက်တွင် ကျွန်သဘောက် အဆင့်သာရှိ၏။ အဆိုပါခေါင်းဆောင်းကောင်းများကို မှီခိုနေရချိန်တွင် စိန်နားကပ်အရောင်ကြောင့် ပါးပြောင်နေမည့်အစား ကိုယ်တိုင်အစွမ်းအစရှိအောင် ကြိုးစားရမည်ဖြစ်သည်။ အောင်မြင်ရခြင်း၏ နည်းနာကောင်းတို့ မှတ်သားလေ့လာဖို့လိုသည်။
          ပထမကုန်သည်ခေါင်းဆောင်သည် နောက်လိုက်ကုန်သည်တို့အား “ကန္တာရထဲတွင် မိုးရွာသည်ဟူ၍ ကြားဖူးသလား”ဟု မေး၏။ မှန်၏။ ကန္တာရထဲမိုးရွာလျှင် အဘယ်မှာလျင် ကန္တာဖြစ်တော့မည်နည်း။ ထိုအတူ ကန္တာရထဲ ရေတွင်းရေကန်းများရှိပြီ ရေအလွယ်တကူရနေလျှင် အဘယ်မှာလျှင် ကန္တာရဟုတ်တော့မည်နည်း။ ဆက်လက်ရှင်းပြသည်မှာ ထိုသူများသည် မျက်တောင်မခတ်။ မျက်လုံးလည်းနီ၏။ ဖနောင့်ရှည်၏။ နေပူကြဲကြဲမှာ ရပ်သော်လည်း အရိပ်မထွက်။ ထိုကြောင့် ဤသူများသည် လူယောင်ဆောင်ထားသည့် ဘီလူးများဖြစ်ကြ၏။
          ဆက်လက်ရှင်းပြသော မိုးနှင့်ပတ်သက်သည့် ရှေးခေတ်သဘောတရားများမှာ မှတ်သားထိုက်၏။ ပတ်ဝန်းကျင်အနေထားကို မျက်ခြေမပြတ်စောင့်ကြည့်ခြင်း၊ သိခြင်းသည် တိုးတက်ရန်လက္ခဏာများဖြစ်၏။ ယခုကုန်သည်အုပ်စုထဲတွင် လိုက်ပါလာသူများသည် မိုးသက်လေနံ့ကိုရသလား၊ မိုးရွာမည့်အရိပ်အယောင် မိုးတိမ်လိပ်တို့ကို မြင်ရသလား စသည့်ဖြင့်မေး၏။ မှန်၏။ ကန္တာခရီးကို သွားနေသူများဖြစ်၍ ဆိုင်ရာသတင်းအချက်အလက်တို့ကို အကုန်မဟုတ်တောင် ကြားဖူးနားဝရှိကြသူများဖြစ်ကြသည်။ တဒင်္ဂအမြင်ကြောင့်သာ တွေဝေသွားရခြင်းဖြစ်လေသည်။
          မိုးသက်လေအနံ့ကို တစ်ယူဇနာခရီးကပင် ရှုရှိုက်ရ၏။ မိုးခြိမ်းသံကို နှစ်ယူဇနာ သုံးယူဇနာခန့်က ကြားနိုင်၏။ လျှပ်ပြက်ခြင်းကို လေးယူဇနာ ငါးယူဇနာခန့်က မြင်နိုင်၏။ မိုးခြိမ်းသံလည်းမကြားရ၊ လျှပ်ပြက်သည်ကိုလည်း မမြင်ရဘဲ ရှေ့နားတွင် မိုးရွာသည်ဆိုသော စကားကို အဘယ်မှာလျှင် ယုံးကြည်ထိုက်မည်နည်းဟု ဆိုသောအခါမှ ကုန်သည်များလည်း သဘောပေါက်ကြလေ၏။ ဤသူတို့စကားကို ယုံစားခြင်းကြောင့် ဒုက္ခရောက်သူများကို မကြာခင်တွေ့ရလိမ့်မည်ဟု ပထမခေါင်းဆောင်က ဆက်လက်ပြောဆို၏။
          ထိုနောက် ခရီးဆက်ကြ၍ အတော်ပေါက်သောအခါ ဘီလူးစားခံထားရသော ဒုတိယကုန်သည်ခေါင်းဆောင်သည့် နောက်ပါကုန်သည်များ၏ အရိုးများနှင့် တိရစ္ဆာန်းတို့၏ အရိုးများ ပြန့်ကြဲနေသည်ကို အထင်အရှားတွေ့ကြရလေတော့သည်။ ထိုအခါမှ ကျိုးကြောင်းပြ လမ်းညွှန်တတ်သော မိမိတို့ခေါင်းဆောင်ကို အတိုင်းထက်အလွန် ကြည်ညိုကြရတော့၏။ လေးစားချစ်ခင်ကြတော့၏။
          ခေါင်းဆောင်ကောင်းသည် နောက်လိုက်တို့၏ ဘ၀အခက်ခဲများ၊ နေ့စဉ်ရင်ဆိုင်နေရသည့် ပြဿနာများကိုသာမက အသက်ဘေးမှလည်း ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိရ၏။ စီးပွားရေး ကြီးပွားရေးအတွက်လည်း ညွှန်ပြန်နိုင်သူဖြစ်ရ၏။ ပထမကုန်သည်ခေါင်းဆောင်ကို အမှီရသူများသည် လက်ရှိအချိန်တွင်ပင် ကိုယ်၊စိတ်နှစ်ပါး ချမ်းသာခြင်းကိုရ၏။  
          ဤဇာတ်တော်တွင် ဆက်လက်ဖော်ပြထားသည်မှာ ပထမကုန်သည်ခေါင်းဆောင်သည် ဘုရားလောင်းဖြစ်၍ ဒုတိယကုန်သည်ခေါင်းဆောင်သည် ဒေ၀ဒတ်အလောင်းဖြစ်သည်။
*****
          ခေါင်းဆောင်သည် ပညာရှိရန်လို၏။ သို့မှသာ တွေးကြည့်လျှင် ဖြစ်နိုင်သည့်အလုပ်ကို ပြေးကြည့်မှ သိရမည့်လူမိုက်ကဲ့သို့ မလုပ်မိမည်ဖြစ်၏။ တစ်ဖက်ကကြည့်ပြန်လျှင်လည်း ပညာရှိမှသာ ကျိုးကြောင်းစီလျှော်အောင် ပြောဆိုတတ်မည်ဖြစ်၏။ ဆင်ရိုင်းကိုကျုံးသွင်းဘိသကဲ့သို့ တစ်စုံတစ်ရာကို အတင်းအကြပ် လက်ခံခိုင်းခြင်းသည် အသိဥာဏ်ရှိသော လူသားဆိုသည်ကို မသိကျိုးကျွန်ပြုရာရောက်၏။
          လူသားအများစုသည် သက်ဆိုက်ရာနယ်ပယ်တွင် ခေါင်းဆောင်များဖြစ်ကြ၏။ အထက်တွင်ပြောခဲ့သည့်အတိုင်း အနည်းဆုံးတော့ မိသားစုတွင်ဖြစ်၏။ ခေါင်းဆောင်သည် ခေါင်းရှောင် မဖြစ်ရသကဲ့သို့ မထိုက်တန်ကလည်း ခေါင်းဆောင်အဖြစ် အတင်းကာရော လုပ်မ,ယူဖို့ဖြစ်၏။ အဓိကအားဖြင့် တာဝန်သိ၍ တာဝန်ရှိသူများဖြစ်ရန်လို၏။ ထို့အတူ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ဖို့လည်း လို၏။  သို့မှာသာ သက်ရှိလောကနှင့် ၄င်းတို့မှီခိုရာ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သူများ ဖြစ်နိုင်ပေမည်။              ။
မိမိကောင်းကျိုး လောကကောင်းကျိုးကို သယ်ပိုးရွက်ဆောင်နိုင်ကြ၍ ဓမ္မအသိများ နေ့စဉ်ဘ၀ထဲသို့ ယူဆောင်သွားနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
   23 March 2012
“ကိုးကား”
၁။ အပဏ္ဏကဇာတက၊ ဧကနိပါတ၊ ဇာတက အဋ္ဌကထာ-၁၊ ခုဒ္ဒကနိကာယ အဋ္ဌကထာ။
၂။ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ ပ-တွဲ၊ ညောင်ကန်ဆရာတော်။
၃။ Jataka Tales of The Buddha; An Anthology, Vol. I, Retold By Ken and Visakha Kawasaki, BPS, Kandy, Sri Lanka

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၁)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၁)

အသေးဖွဲလေးများကို ဂရုစိုက်ခြင်း

ခေတ်အဆက်ဆက် လူ့အသိုင်းဝိုင်းတွင် ခေါင်းဆောင်ဆိုသော နေရာသည် အရေးပါ၏။ မရှိမဖြစ်လိုအပ်သည်။ ခေါင်ဆောင်းကောင်းတို့၏ စွမ်းရည်နှင့် လိုအပ်ချက်များသည် သက်ဆိုင်ရာ နယ်ပယ်ကိုလိုက်၍ ကွဲပြား၏။ ခြားနား၏။ မည်သို့ဆိုစေ ခေါင်းဆောင်ဆိုသည်မှာ နောက်လိုက်တို့ထက် အားသာချက်များစွာရှိရန်သည် အခြေခံအချက်ဖြစ်သည်။ တစ်နည်းအားဖြင့် နောက်လိုက်တို့၏ ယုံကြည်ချက်ပုံအပ်ခံရလောက်အောင် စွမ်းရည်ရှိရမည်ဖြစ်သည်။
          အဆိုပါခေါင်းဆောင်သည် မိသားတစ်စု၊ ဆွေးမျိုးအသိုင်းဝိုင်းတစ်ခုမျှကိုသာ ဦးဆောင်ရသူ ဖြစ်ကောင်းဖြစ်မည်။ ထိုထက်မက အုပ်စုတစ်စု၊ ကျေးရွာ၊ မြို့ပြနေလူထုကို ဦးဆောင်ရသူဖြစ်ကောင်း ဖြစ်မည်။ သို့တည်းမဟုတ် မျိုးနွယ်၊ တိုင်းပြည်တို့ကို ဦးဆောင်သူ ဖြစ်ကောင်းဖြစ်တန်ရာ၏။ ထိုထက်ပိုလျှင် ကမ္ဘာလောကကြီး တစ်ခုလုံးကို ကိုယ်စားပြုသူလည်း ဖြစ်ကောင်းဖြစ်ရာသည်။ ခမ်းနားကြီးကျယ်သည်ဖြစ်စေ၊ သေးငယ်နိမ့်ကျနေသည်ဖြစ်စေ ခေါင်းဆောင်သည် ခေါင်းဆောင်သာဖြစ်သည်။
          လူ့သမိုင်းတစ်လျှောက်တွင် ခေါင်းဆောင်တို့၏ အရည်သွေးအပေါ်မူတည်၍ တစ်မုဟုတ်ချည်း အပြောင်းအလဲများ ဖြစ်ခဲ့ကြရသလို၊ ပဉ္စလက်ဆန်ဆန် ကပ်ဆိုးဘေးဆိုးကြီးများကိုလည်း ကြုံတွေ့ရပြီး ဖြစ်သည်။ ပြောင်းလဲခြင်းသည် နိယာမသဘောဖြစ်၏။ ထိုပြောင်းလဲခြင်းတွင် အကောင်းရော အဆိုးပါ ရှိ၏။ ရနိုင်သည်ဖြစ်စေ မရနိုင်သည်ဖြစ်စေ လူတို့သည် အကောင်းဖြင့် ပြောင်းလဲခြင်းကိုသာ အလိုရှိကြသည်။ ထိုအတူ အကောင်းကို ဖန်တီးပေးနိုင်သော ခေါင်းဆောင်ကောင်းကိုလည်း လိုလားတောင့်တကြသည်သာ။
*****
          အခါတစ်ပါးတွင် မြတ်စွာဘုရားရှင်သည် မထင်ရှားသောအသွင်ဖြင့် ဂေါသိင်္ဂတောအုပ်သို့ တစ်ပါးတည်းကြွတော်မူခဲ့၏။ ထိုတောအုပ်တွင် ရဟန္တာအရှင်မြတ်ကြီးများ ဖြစ်တော်မူကြသော အရှင်အနုရုဒ္ဓါ၊ အရှင်နန္ဒိယနှင့် အရှင်ကိမိလ-တို့ သုံးပါးသည် ညီညွတ်စွာဖြင့် သီတင်းသုံးနေထိုင်ကြ၏။
          အဝေးမှကြွလာတော်မူသော မြတ်စွာဘုရားကိုမြင်၍ တောစောင့်မုဆိုးသည် ဘုရားရှင်မှန်း မသိသည့်အတွက်၎င်း၊ သူစိမ်းတစ်ဦးရောက်လာ၍၄င်း တောအုပ်တွင်းနေထိုင်သူများ၏ ညီညွတ်မှုကို အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် မထေရ်မြတ်တို့ သီတင်းသုံးရာ တောအုပ်အတွင်းသို့ မ၀င်ရန်တားမြစ်၏။ ထိုအခါ အရှင်အနုရုဒ္ဓါဦးဆောင်သော မထေရ်မြတ်နှစ်ပါးတို့သည်  ကြွလာတော်မူလတ်၍ မြတ်စွာဘုရားအား ခရီးဦးကြိုပြုကြကုန်၏။
မြတ်စွာဘုရား၏ ဂေါသိင်္ဂတောအုပ်သို့ ကြွရောက်တော်မူလာခြင်းမှာ သာမန်ကြည့်လျှင် ထူးဆန်းနေ၏။ အကြောင်းမှာ တောအုပ်တွင်းရှိ အရှင်မြတ်သုံးပါးလုံးသည် ရဟန္တာများ ဖြစ်ကြပြီးဖြစ်၏။ နိဗ္ဗာန်ကို လက်ရှိဘ၀မှာပင် ထိုးထွင်းသိမြင်ပြီးဖြစ်သော ထိုအရှင်တို့အား တရားဟောကြားရန် အထူးမလိုအပ်တော့ပေ။  
“သံသရာအဆုံးကို ရောက်ပြီးသူ”၊ “ပြုဖွယ်ကိစ္စ မရှိတော့သူ”စသည်တို့မှာ ရဟန္တာအရှင်မြတို့၏ ဂုဏ်များအဖြစ် ဗုဒ္ဓစာပေများတွင် ဖော်ပြထား၏။ တစ်နည်းဆိုသော် ရဟန္တာဖြစ်ပြီးသူတို့မှာ သေချာသော ပန်းတိုင်ကို ရောက်ပြီးဖြစ်၍ လောကချမ်းသာ ဘ၀ချမ်းသာ သံသရာချမ်းသာတို့အတွက် မည်သည့်လုပ်ငန်းကိုမျှ လုပ်ဆောင်ရန်မလိုတော့ပေ။
သို့ရာတွင် ဘုရားရှင်တို့မည်သည် အကြောင်းမဲ့၊ အကျိုးမဲ့ဖြစ်သော အလုပ်ကို ဘယ်သောအခါမျှ လုပ်ရိုးထုံးစံမရှိပေ။ မြတ်သော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်တော်မူသည့် မြတ်စွာဘုရားသည် ထိုက်တန်သော ချီးမြှောက်ခြင်းဖြင့် နောက်လိုက်တပည့်တို့အား ချီးမြှောက်မြဲဖြစ်၏။ ထိုအရှင်မြတ်သုံးပါးအတွက် လောက၊ဓမ္မအရ ချီးမြှောက်ရန် မလိုအပ်စေကာမူ ၄င်းတို့အားအကြောင်းပြု၍ အခြားသူများ ကောင်းကျိုးတိုးရန်ဖြစ်၏။ နည်းကောင်း၊လမ်းမှန်များကို အတုယူ ကျင့်သုံးနိုင်စေရန်ဖြစ်၏။
ကြည့်ပါ။ မြတ်စွာဘုရားသည် ရဟန္တာအရှင်မြတ်သုံးပါးတို့အား “နေကောင်းကြရဲ့လား၊ ဆွမ်း-သင်္ကန်း-ကျောင်း-ဆေး ပစ္စည်းလေးပါးဖြင့် ပြည့်စုံကြရဲ့လား”ဟု လောက၀တ်ဖြင့် ရှေးဦးစွာ နှုတ်ဆက်မေးမြန်းတော်မူ၏။ အရှင်မြတ်တို့ကလည်း နေကောင်းကြောင်း၊ ပြည့်စုံကြောင်း ပြန်လည်လျောက်ထားကြ၏။
ထိုနောက် မြတ်စွာဘုရားက သင်တို့သုံးပါးသည် မည်ကဲ့သို့ နေထိုင်ကြသနည်းဟုမေးရာ “တပည့်တော်တို့သည် သုံးကိုယ်တစ်စိတ်ဖြင့် နေထိုင်ကြပါသည်”ဟု ပြန်လည်လျောက်ထားကြကုန်၏။ ထိုနောက်မြတ်စွာဘုရားသည် တရားစကားတို့ဖြင့် မေးမြန်းခြင်းဖြင့် အရှင်မြတ်သုံးပါးအား ချီးမြောက်ကာ ပြန်လည်ကြွတော်မူခဲ့သည်။
*****
          ခေါင်းဆောင်ကောင်းတို့မည်သည် မည်သည့်အခါမျှ မိမိ၏နောက်လိုက်များကို အမှတ်တမဲ့ဖြင့် လျစ်လျူခြင်းမရှိပေ။ ပြည့်စုံသူများဖြစ်၍ ချီးမြှောက်ရန် မလိုတော့ဟုလည်း မယူဆပေ။ မှန်၏။ လောကတွင် အတိုင်းတာတစ်ခုအထိ ပြည့်စုံနေသော နောက်လိုက်များရှိ၏။ ခေါင်းဆောင်သည် အတိုင်းတာတစ်ခုအထိ ပြီးပြည့်စုံနေသော မိမိတို့ထက်စာရင် လိုအပ်နေသော အခြားနောက်လိုက်များအား ထောက်ပံ့ရမည်ကိုလည်း လက်ခံထား၏။ သို့ရာတွင် သူတို့သည် မိမိခေါင်းဆောင်ထံမှ တစ်စုံတစ်ခုကို မျှော်လင့်ထားတတ်ကြပြန်၏။ အနည်းဆုံးတော့ “နေကောင်းလား၊ အဆင်ပြေလား”ဆိုသည့် အသေးအဖွဲလေးများပင်ဖြစ်သော ဂရုတစိုက်ရှိခြင်းမျိုးကို မျှော်လင့်ကြ၏။
          မြတ်စွာဘုရားသည် ပြီးပြည့်စုံပြီးသော နောက်လိုက်များအပေါ်တွင်တောင်မှ ထိုက်သင့်သော ချီးမြှင့်မှုမျိုးကို လုပ်ဆောင်သည်ဆိုလျင် ယနေ့ လူ့ပတ်ဝန်းကျင်တွင် ရှိနေသော လူများသည် လိုအပ်ချက်များဖြင့် ပြည့်နှက်နေ၏။ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များသာမက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များပါ ရှိ၏။
          မင်္ဂလသုတ်တွင် “ဥာတကာနဉ္စ သင်္ဂဟော= ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းတို့အား ချီးမြောက်ခြင်းသည် မင်္ဂလာရှိ၏”ဟု ပြဆိုထားသည်။ ယင်းကို ခေါင်းဆောင်ကောင်းတို့ အခြေခံကျင့်စဉ်တစ်ပါးအဖြစ် လိုက်နာကျင့်သုံးက သင့်တော်ပေမည်။ အကြောင်းမှာ ပေးကမ်းထောက်ပံ့ခြင်းကို ဆွေမျိုးဥာတကာမှ စ,တင်ခြင်းသည် လွယ်ကူ၏ ဆိုထားသောကြောင့် ဖြစ်သည်။  
          ခေါင်းဆောင်တို့သည် မိမိတို့နောက်လိုက်များကို ထမင်းတစ်လုတ်ဖြင့် မထောက်ပံ့နိုင်ခဲ့ဘူးဆိုလျှင်တောင် စိတ်ရင်းအမှန်ဖြင့်ဖြစ်သော “နေကောင်းရဲ့လား၊ အဆင်ပြေလားရဲ့လား”စသည့် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်ခြင်းမျိုးကို ပြုနိုင်လျင် အလွန်ပင် သင့်တော်ပေလိမ့်မည်။
          အချုပ်ဆိုရသော် လူတိုင်းလိုလိုသည် သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် တစ်နည်းနည်းဖြင့် ခေါင်းဆောင်များဖြစ်ကြ၏။ အနည်းဆုံးတော့ မိသားစု အသိုင်းဝန်းတွင်ဖြစ်၏။ ထိုကြောင့် လောကနှင့်ဘ၀ကို အလှဆင်ဖို့ ငြိမ်းချမ်းစေဖို့အတွက် မိမိသက်ဆိုင်ရာ ပတ်ဝန်းကျင်ကို အကြောင်းပြု၍ လူတိုင်းသည် ခေါင်းဆောင်ကောင်းစိတ်ဓာတ်များကို မွေးမြူရန်လိုအပ်ပါသည်။ မေတ္တာ၊ ကရုဏာ အရင်းခံသော ဖြူစင်သော စိတ်ထားဖြင့် ထိုက်သင့်သော ချီးမြှောက်ခြင်းတို့ကို အခါအားလျော်စွာ ပုဂ္ဂိုလ်အားလျော်စွာ အရာဌာနအားလျော်စွာ လုပ်ဆောင်ရန်မှာ အရေးကြီးသော အသေးအဖွဲလေးများ ဖြစ်ပါသည်။
ဓမ္မအသိများ နေ့စဉ်ဘ၀ထဲသို့ ယူဆောင်သွားနိုင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                            18 March 18, 2012
ရည်ညွှန်း
မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသပါဠိ၊ စူလဂေါသိဂိ`်သုတ်

တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ

တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ

          သိမှတ်ခဲ့ဘူးသည့် အဖြစ်ပျက်လေး တစ်ခုရှိ သည်။ မိဘများ ဆုံးပါးသွားကြသည့် ညီအမစ်ယောက်ရှိသည်။ အမဖြစ်သူမှာ အသက် ဆယ့်ရှစ်နှစ် ၀န်းကျင်ခန့်ရှိပြီး ၀င်ငွေအလွန်နည်း လှသော အလုပ်တစ်ခုဖြင့် စတိုးဆိုင်လေး တစ်ဆိုင်တွင် လုပ်ရသည်။ ညီမဖြစ်သူမှာ အသက် ငါးနှစ်ကျော်ခန့် သာရှိသေး၍ အမဖြစ်သူ အလုပ်သွားတိုင်း အထီး ကျန်ခြင်းကိုပင် အဖော်ပြုကာ အမြဲလို အိမ်မှာ ကျန်ရစ်ခဲ့လေ့ရှိသည်။
          ထမင်းနပ်မှန်အောင်ပင် ရုံးကန်နေရသော အမဖြစ်သူမှာ ညီမဖြစ်သူကို မုန့်ဖိုးပေးနိုင်သည်ဟူ၍ မရှိသလောက်ပင်။ သို့ရာတွင် ခရစ်၊စ၊မတ် ကာလရောက်တိုင်း မုန့်ဖိုးအဖြစ် အကြွေစေ့ အနည်းငယ်ကိုတော့ ပေးဖြစ်အောင်ပေးလေသည်။ ဤငွေပမာဏကိုပင် သူမဥာဏ်ရှိပြီး အသုံးစေ့စပ်လွန်းသောကြောင့်သာ ပေးနိုင်ခြင်းဖြစ်သည်။
 တစ်ခုသော ခရစ်၊စ၊မတ်ရာသီတွင်ဖြစ်သည်။ အသက် ငါးနှစ်ကျော် ခန့်သာ ရှိသော ကောင်မလေးတစ်ယောက်သည် အလွန်တန်ဖိုးကြီး လှ သည့်  ရှေးဟောင်း ပစ္စည်းများ ကိုသာ ရောင်းချသော ဆိုင်တစ်ဆိုင်သို့ ရောက်လာသည်။ ဆိုင်ထဲတွင် လူရှင်း ချိန်ဖြစ်၍ ဆိုင်ရှင်အဖိုးကြီး တစ်ဦးသာ ရှိနေသည်။
          ဆိုင်ထဲရောက်လာသည့် ကောင်းမလေးသည့် ပစ္စည်းများကို တစ်ခုပြီးတစ်ခု လိုက်ကြည့်ရင်း အကောင်းဆုံး အလှဆုံးဟု မိမိစိတ်တွင် သတ်မှတ်လိုကသည့် ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။ ထိုနောက် ဆိုင်ရှင်အဖိုးကြီးကို ပြောလိုက်သည်။ “ကျမ ဒီဟာကို လိုချင်တယ်၊ ကျမမှာ ရှိတာ အကုန်ပေးမယ်”။ ပြောပြောဆိုဆိုဖြင့် ကောင်းမလေးသည် လက်ကိုင်ပ၀ါနွမ်းလေးဖြင့် တယုတယ ထုပ်ထားသော ငွေအကြွေစေ့လေးများကို ဆိုင်ရှင်အဖိုးကြီးငွေရေသည့် စားပွဲပေါ်သွန်ချပေးလိုက်သည်။
          ပစ္စည်းကို ရွှန်းရွှန်းစားကြည့်နေသော ကလေးမလေး၏ မျက်နှာ၊ မိမိအဖြေကို ငံ့လင့်နေသည့် ယုံကြည့်ချက်အပြည့် မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေး၏အမူရာကြောင့် ဆိုင်ရှင်အဖိုးကြီးက ဆတ်က နဲခေါင်းညိတ်လိုက်သည်။ ကောင်မလေးသည် ပျော်ရွှင်မြူးတူးစွာဖြင့် ဆိုင်ထဲကနေ ခုန်ပေါက်ပြေး ထွက်သွားသည်။
*****

          ခရစ်၊စ၊မတ်ရက်ကို ရောက်ပါပြီ။ ညီအမနှစ်ယောက်အဖို့တော့ ခရစ်၊စ၊မတ်ရက်ဆိုသည်မှာ သာမန်ရက်များထဲက တစ်ရက်သာဖြစ်သည်။ တိတ်ဆိသော အိမ်လေးထဲတွင် ကုန်ဆုံးလိုက်ရသော ရက်များထဲက တစ်ရက်သာဖြစ်ပါသည်။
          ညီမလေးတို့ ခရစ်၊စ၊မတ်လုပ်ရအောင်နော်…….မမ…လို့ ကောင်မလေးကပြောသည်။ မမတို့မှာ ပိုက်ဆံမှမရှိတာ ညီမလေးရယ်လို့ အမဖြစ်သူက ဆို့နင့်စွာပြန်ပြောလိုက်သည်။ အမဖြစ်သူမှာ ညီမလေးကို ခရစ်၊စ၊မတ်ကာလရောက်တိုင်း မဖြစ်စလောက်သော ငွေအကြွေစလေးသာ ပေးနိုင်သည့်မိမိအဖြစ်ကြောင့် သိမ်ငယ်သလိုခံစားမိ၏။ အပြစ်ရှိသလိုလည်း ခံစာရမိ၏။ ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်ဖြစ်မိ၏။ ရွယ်တူကလေးတွေ လမ်းပေါ်မှာ ပြေးလွှားစော့ကစား ပျော်ရွှင်စွာ အော်ဟစ်နေချိန်မှာ ညီမလေးကတော့ မိမိနှင့်အတူ အိမ်လေးထဲတွင်သာ ကုန်ဆုံးရသည်။
  ကျမမှာ မမကို လက်ဆောင်ပေးစရာရှိတယ်။ မမ….လာ။ မျက်နှာကိုအုပ်ထား။ ဖွင့်မကြည့်ရဘူးနော်………..တဲ့။ မျက်နှာအုပ်ထားသော အမဖြစ်သူမှာ နောက်ပြန်လှည့်သွားသော ညီမလေး၏ ခြေသံကိုကြားနေရသည်။ ခဏအကြာတွင် ပြန်လှည့်လာသော ခြေသံကိုကြားရသည်။ မိမိရှေ့ မှာ ရပ်သံကိုကြားလိုက်ရပြီး မမ…..ဖွင့်ကြည့်တော့ဆိုသည့်အသံကို တစ်ပါတည်းကြားလိုက်ရသည်။
         ညီမဖြစ်သူ၏ ထူးဆန်းသည့်အပြုမူကို နားမလည်ဟန်ဖြင့် စောင့်နေရသော အဖြစ်သူမှာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မယုံနိုင်အောင်ဖြစ်သွားသည်။ ချက်ချင်းဆိုသလို မျက်နှာတင်းမာသွားပြီး “နင်…… ..နင်……ဒီပစ္စည်းကို ဘယ်ကခိုးလာတာလဲ………မှန်မှန်ပြောစမ်း….! ငါတို့ ဆင်းရဲပေမယ့် ရိုးသားရမယ်လို့ နင့်ကိုပြောထားတယ်မလား။ ငါတို့ဟာ ပိုက်ဆံမချမ်းသာပေမယ့် စာရိတ္တချမ်းသာရမယ်လို့ နင့်ကို ဘယ်နှစ်ခါပြောထားရမလဲ……….လဲ………….လဲ……….လဲ။ စစ်သေနတ်ပစ်သလို တလစပ်ဆူနေသော အမကို စိုးရွံ့စွာပြန်ကြည့်နေသော ညီမလေးကြောင့် အမဖြစ်သူလည်း တုန့်ကနဲဆို ရပ်သွားသည်။
    ညီမဖြစ်သူကို ဖက်ငိုရင်း “ညီမလေးရယ်………….သူများမပေးတဲ့ ပစ္စည်းကိုမယူရဘူးနော်။ ဘယ်သူ့စီကနေ ယူလာတာလဲ မမတို့ ပြန်ပေးလိုက်ရအောင်နော်…............................................…လို့” ညင်ညင်သာသာ ချော့မော့ပြောလေသည်။ “ကျမ……..…ကျမ....……..မမပေးထားတဲ့ မုန့်ဖိုးတွေကိုစုပြီး ၀ယ်လာတာ”။ ခေါင်းငုံ့ထားရင်းကနေ မပွင့်တပွင့်ဖြင့် ပြန်ပြောလိုက်သည်။
       ရှေးဟောင်းပစ္စည်းဆိုင်တွင် အလုပ်,လုပ်ဖူးသော အမဖြစ်သူမှာ ပစ္စည်းတန်ဖိုးကို သိပြီးဖြစ်၍ ဘယ်လိုမှ မယုံနိုင်ပါ။ မိမိတစ်သက်လုံး အလုပ်,လုပ်ပြီး စုရင်တောင် ၀ယ်နိုင်ဖို့မလွယ်။ မိမိပေးတဲ့ မဖြစ်စလောက်မုန့်ဖိုးလေးနဲ့ ဘယ်လိုလုပ်ဝယ်မှာတဲ့လဲ။
          အမဖြစ်သူက အဖန်ဖန် ချော့မော့မေးသည်။ ညီမလေး ခိုးလာတာမလား…...တဲ့။ ညီမဖြစ်သူက အတန်တန်ငြင်းသည်။ ကျမ၀ယ်လာတာ…...ဟူ၏။ ပြေးကြည့်မှ ဒီညီမလေးသာရှိသော အဖြစ်သူသည် ညီမဖြစ်သူကို မရိုက်ရက်ပါ။
        နောက်ဆုံး မတတ်သည့်အဆုံး ၀ယ်လာသည်ဆိုသည့်ဆိုင်ကို လိုက်ပို့ခိုင်းသည်။ ညီမဖြစ်သူကလည်း ယုံကြည်ချက်အပြည့်ဖြင့် ရင်ကော့ပြီး လိုက်ပို့ပေးသည်။ ရှေးဟောင်းပစ္စည်းများကိုသာ ရောင်းချသော အလွန်ကြီးကျယ်လှသည့် ဆိုင်ကြီးထဲကို ညီအမနှစ်ယောက် ရောက်လာသည်။ ဆိုင်ထဲတွင် အဖိုးကြီး တစ်ဦးသာ ရှိနေသည်။
          ကောင်မလေးနှစ်ယောက် ဆိုင်ထဲဝင်လာကတည်းက အဖိုးကြီးက သတိပြုမိပြီးဖြစ်သည်။ ဟိုတစ်နေ့က လာသွားတဲ့ ကောင်မလေးပဲလို့ အငယ်မလေးကိုမြင်တော့ အဖိုးကြီး မှတ်မိသွားသည်။ ဘာကူညီပေးရမလဲ သမီးတို့။ အဖိုးကြီးက နှုတ်ဆက်လိုက်သည်။ အမဖြစ်ဟန်တူသူက ကျမညီမလေး ဦးတို့ဆိုင်က ခိုးထားတဲ့ပစ္စည်းကို ပြန်လာပေးတာပါ။ ကျမတောင်းပန်ပါတယ်။ ညီမလေးက ငယ်သေးတော့ ခွင့်လွှတ်ပေးပါ။ ပြောရင်းဆိုရင်း ညီမငယ်လက်ထဲက ပစ္စည်းကို ယူရန်ဟန်ပြင်လိုက်သည်။
  မဟုတ်ဘူး………….မဟုတ်ဘူး…....……။ ဒါ……............... ညီမလေး ၀ယ်ထားတာ။ အကျောက်အကန်ငြင်းရင်း ကောင်မလေးက ဆိုင်ရှင်ကိုလှန်းပြောလိုက်သည်။ ဖိုးဖိုး… ..…...ဒါ…….သမီးဝယ်ထားတာ၊ ဖိုးဖိုးပဲ ရောင်းလိုက်တာလေ………..နော်………..။ ဟုတ်ပါတယ်ကွယ်။ အဲဒါ………..သမီးလေး ၀ယ်ထားတာပါ။ သမီးလေးရဲ့ဟာပါ။
          ဆိုင်ရှင် ပြန်ပြောလိုက်သော စကားကို အမဖြစ်သူမှာ မယုံနိုင်သေးပါ။ မဖြစ်နိုင်တာ ဦးရယ်။ သမီးတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀တွေပါ။ ဒီလို တန်ဖိုးကြီးတဲ့ ပစ္စည်းကို ဘယ်လိုမှ မ၀ယ်နိုင်ပါဘူး။ ပြန်ယူပါ ဦးရယ်လို့ အမဖြစ်သူက တောင်းပန်ရင်း စကားဆိုသည်။
     ဒါ……မင်းညီမလေးလား။ သူ……..ငါ့ဆီကနေ တကယ်ကိုဝယ်သွားတာပဲလို့ ဆိုင်ရှင်က တည်တည်တံ့တံ့ဖြင့် ပြန်ပြောလိုက်သည်။ သို့တိုင်အောင် မယုံနိုင်ဖြစ်နေသော အမဖြစ်သူက ဒါဆို “ဒီပစ္စည်းကို ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ..........……ရှင်”။ ဆိုင်ရှင့်စကားကြောင့် အမဖြစ်သူမှာ ဆက်စရာစကားမရှိတော့ပါ။ ဒါကိုတော့ ပြောလို့မဖြစ်ဘူး။ “သူ….......ဒီပစ္စည်းကို အမြင့်ဆုံးဈေးပေးပြီး ၀ယ်သွားတယ်”။ ဘယ်လောက်လဲ ဆိုတာကတော့“တန်ဖိုးဆိုတာ ရောင်းသူနဲ့ ၀ယ်သူကြားက လျို့ဝှက်ချက်ပဲ။ သူလည်းကြိုက်လို့ဝယ်တယ်။ ငါလည်း ရောင်းနိုင်လို့ ရောင်းလိုက်တယ်။
*****
          ဆိုင်ရှင်ကို နှုတ်ဆက်ပြီးနောက် ညီအမနှစ်ယောက် ပျော်ရွှင်စွာဖြင့် ဆိုင်ထဲကနေ ထွက်သွားသည်။ အမဖြစ်သူက မြတ်မြတ်နိုးနိုးဖြင့် ညီမငယ်ကိုချီသည်။ ညီမငယ်ကလည်း တလေးတစားဖြင့် အမကိုပေးမည့် လက်ဆောင်ပစ္စည်းကို ပွေ့ပိုက်ထားသည်။ ဆိုင်ရှင် အဖိုးကြီးသည် ကျောခိုင်းသွားသည့် ညီအမနှစ်ယောက် ကိုကြည့်ကာ လေးလေးနက်နက်ပြုံးရင်း ခေါင်းညိတ်ကျန်ရစ်ခဲ့သည်။    
သိမှတ်ဖူးသည့် အဖြစ်အပျက်လေးကို တန်ဆာဆင်၍ ပြန်လည်မျှဝေခြင်းမျှသာ ဖြစ်ပါသည်။
                                          သူ (သရက်)
                                                 28 March 2012

"လျှောက်ခဲ့ရသည့် လမ်းနှစ်သွယ်"

avSsmufcJh&onfh vrf;ESpfoG,f
          omoemh0efxrf;&Sif? &[efrsm;ESifh omoemhEG,f0if oDv½Sifrsm;onf *E¦"l&ESifh 0dyóem"l&[lí vkyfaqmif&rnfh wm0efESpfrsdK;&Sd&mwGif a&S;OD;pGm *E¦"l&ac: y&d,wådpmay oifMum;jcif;udk pwifvkyfaqmifavh&SdMuonf/ a,bk,stm;jzifh omraP(udk&if)i,fb0rS pwifum touf30-ausmf? 40-0ef; usif umvtydkif;jcm;txd pmayoifMum;jcif; (pmoifom;b0) jzifhom b0udkjrSKyfESHcJhMuonf/ xkdaemufwGifawmh oufqdkif&m e,fy,ftoD;oD;wGif us&momoemjyK wm0efrsm;udk xrf;aqmif um twå[dw? y&[dwvkyfief;rsm;udk udk,fpGrf;? ÚmPfpGrf;&Sdoa½GU aqmif½GufMuonf/
          q,fpkESpfoHk;pkru pmayoifMum;jcif;jzifhom b0udkjrSKyfESHcJhMuaomfvnf; tcsdKUrSm i,f? vwf? BuD;pmar;yJGrsm; atmif½HkrSsESifhyif ynma&;udk tqHk;owfMu&onf/ tcsdKUrSmvnf; "r®mp&d,wef;udk atmifjrifum bJGUwpfckudkjzifh &cJhygonf/ odkY&mwGif jyifypmayrsm;ESifh xdawGYcGifh r&cJhay/ xdkYtjyif edum,fig;&yfpaom rl&if;Ak'¨pmayrsm;ESifhvnf; tvSrf;a0;vsufom &Sdaeao;onf/ tenf;pkaom pmoifom;rsm;om q,fpkESpfwpfcktwGif;wGif "r®mp&d,wef; bJGU&onftxd ynma&;yef;wdkifudk vSrf;udkifEdkifcJhMuonf/
          jrefrmEdkifiHwGif edum,fig;&yfpaomusrf;pmrsm;udk pmoifom;rsm;ESifh apmapmpD;pD;rdwfqufay;aom toif;pmar;yJGrsm;pGm &Sdygonf/ tqdkyg toif;pmar;yJGrsm;\ tusdK;aus;Zl;aMumifh yd#uwfpmayrsm;udk i,fi,f½G,f½G,fESifh xdawGUcGifhum; &Muygonf/ ,if;odkY xdawGUcGifh&olrsm;rSmvnf; vuf&SdoHCmta&wGufESifhpmvSsif tenf;pkrSsom jzpfonf/

          rnfodkYqdkap pmoifom;rsm;tm;vHk; BuHKawUG&avh&Sdaom pmoifMum;enf; tawGUBuHKurl tm;vHk;xyfwl jzpfonf/ q&morm;rsm;xHwGif pmwuf&onf/ xdkYaemuf jy|mef;usrf;pmESifh q&mhtmabmftwkdif; ]]\? onf}}rvGJ tvGwfusuf&onf/ twef;wdkif;wGif tenf;qHk; ajcmufbmomESifhtxuf oifMum;&aomfvnf; tm;vHk;rSm tvGwfusuf&aom enf;wpfckom jzpfonf/ wpfaeYwm oifMum; usufrSwfNyD;orSsudk na&mufvSsif tarSmifxJwGif (rD;rsm;udkydwfí) pmjyef(n0gqdk)&onf/
          q&mrsm;uvnf; pmar;yJGatmifzdkYudk OD;wnfoifMum;ouJhodkY pmoifom;rsm;uvnf; pmar;yJGatmifzdkYtwGufom tm;xkwfMuonf/ omreftm;xkwfrIawmh r[kwfyg/ aeYpOf tenf;qHk; 12-em&DrS 18-em&DtwGif; pmayoifMum;jcif;jzifhom ukefqHk;Mu&onf/ pm;csdef? tdyfcsdefESifh taxGaxGvkyfief;rsm;twGuf 8-em&DcefYrSsom &Sdonf/ wpfv? ESpfv vkyf&onfr[kwf/ wpfESpfvSsif tenf;qHk; 10-vcefYrSs vkyf&onf/  pm0gydwfcsdef aEGtm;vyf&ufrsm;rSmyif ,rdkuf? y|mef;ESifh "r®mp&d,paom oifwef;toD;oD;udk oGm;a&mufwufvdkufMuao;onf/
          tcsdKUq&mrsm;u pmar;yJGqdkif&mtjyif odoifhodxdkufaom pmaytaMumif;rsm;? yd#uwfqdkif&m A[kokwrsm;udk oifMum;ay;vmvQifvnf; pmoifom;rsm;u rBudKufMuay/ taMumif;rSm tywfpOfpmar;yJGrsm;? vywfpmar;yJGrsm;? toif;pm;ar;yJGrsm;ESifh tpdk;&pmar;yJGrsm;udk atmifjrifzdkY&mtwGuf wdkuf½kduftusdK;rjyKEdkifaomaMumifh jzpfonf/ pmar;yJGatmifzdkYu pmoifumvwpfavSsmufvHk;wGif t"dujzpfNyD; xdkxdkpmar;yJGrsm;NyD;aomtcgrS? wpfenf;ajym&vSsif bJGUwpfckckudk&NyD;í pmayoifMum;jcif;udk &yfem;onfhtcsdefa&mufrS taxGaxGESifh yd#uwfqdkif&m A[kokwrsm;udk avhvmawmhrnf[k a,bk,s oEéd|mefcsxm;jcif;aMumihfvnf; jzpfonf/
          trSefwu,fpmoifom;b0udk jzwfausmfNyD;aomtcgwGifrl xdkxdkA[kokwrsm;udk udk,fwdkifavhvmaomolrsm;um; tawmfyif&Sm;avonf/ tvkyfwpfckudk rkef;wD;atmifvkyfcJhaomaMumihf zdtm;r½SdaomtcsdefwGif xyfrHrvkyfcsifawmh[k tcsdKUynm&Sifrsm;u axmufjyMuonf/ tcsdKUuvnf; q,fausmfouf umvwpfavSsmufvHk; ½SdorSspGrf;tm;wdkYudk oifMum;rIwpfckwnf;wGifom jrSKyfESHcJhaomaMumihf um,? ÚmPpGrf;tm;rsm; ukefcrf;oGm;jcif;jzpfonf[k qdkvmMuonf/
          aemufydkif;umvrsm;wGifrl tpOftvm pmoifenf;rsm;tjyif Ak'¨pmayudk acwfopfenf;pepfwdkYjzifh oifMum;ay;aom wuúodkvfrsm;vnf; jrefrmEdkifiHwGif ay:aygufvmonf/ vdktyfcsufaMumifh ay:xGufvmjcif;[kvnf; qdkEdkifygonf/ xdkxdkacwfopf enf;rsm;jzifh oifMum;rIudk tm;ay;vmaom wuúodkvfrsm;onfvnf; q&mhxHpmwuf? NyD;vQifusufrSwf? usufrSwfxm;onfhtwdkif; ajz(wuf? usuf? ajz)tqifhudkum; rausmfEdkifao;ay/ wuúodkfvfpmoifom;wpfOD;taejzifh q&mhxHwGif pmusufNyD; tvGwfrjyef&jcif;ESifh bmompum;topfrsm;udk oif,l&onfom xl;jcm;awmhonf/ usefonfh oifMum;avhvmrItydkif;rSm tpOfvm pmoifwdkufrsm;rSmuJhodkYyif/ ]]aMumifykZGefpm; uGswfuGswf0g;odkY? tm*Hk&rS tm*vl}}paom tpOftvm oifMum;? oif,lpepfudkrl rvGefqefEdkifjyef/
          wuúodkvf[laoma0g[m&onf wuúESifhoDvudk aygif;pyfíjzpfay:vmaom ygVdoufa0g[m&jzpfNyD; BuHpnf&rnf? avhusuf&rnf[k qdkxm;aomfvnf; jy|mef;usrf;pmESifh q&mhtmabmftwdkif; ajzqdkEkdifjcif; r&SdvQif pmar;yJGatmifzdkYum; rvG,f/ atmifapumrl tqifhrDzdkY? *kPfxl;&zdkYawmh a0;oGm;Edkifonf/ yd#uwfuJhokdY pmayrsm;udk tm*HkusufrSwf&onfrSm vkyfoifh? vkyfxkdufaom tvkyfjzpfaomfvnf; pmpDpmuHk;rsm;uhJokdY udk,fydkifOmPfjzifh a&;ajz&rnfh t&mrsm;udk usufajz&jcif;rsdK;um; rjzpfoifhay/ tqdkyg jy|mef;pmrsdK;onf enf;,lzdkY&mom jzpfNyD; ,if;udktajccHum udk,fydkifa&;wwf? awG;wwfNyD;? topfzefwD;EdkifzdkYom jzpfoifhonf/
          oD&dvuFm\ tajccHynm oifMum;a&;pepfudk xJxJ0if0if rodaomfvnf; ynma&;udk pdwf0ifpm;onfhtavsmuf vufvSrf;rSDoa½GUawmh avhvmjzpfonf/ udk,fwdkifvnf; a'ocH bkef;BuD;ausmif;wGif aevmonfrSm ESpfESpfeD;yg;MumcJhNyD/ xdkumvtwGif; tywfpOfawGU&onfh we*FaEG Ak'¨bmom ,Ofaus;rIoifwef; (Sunday Dhamma School)udk a&mufvmonfh tajccH ausmif;om;rsm;udk awGU&onf/ rdrdaeaomausmif;rS ausmif;xdkifq&mawmfonf ausmif;om; aygif; (600)ausmfcefY &Sdonfh tpdk;&txufwef;ausmif;wGif q&mwpfa,mufjzpfí olESifhtwl tpdk;&txufwef;ausmif;rsm;ukdvnf; tcgtm;avsmfpGm a&mufcJhzl;onf/ eD;pyf&mpmoifwdkuf (Privena)rsm;udkvnf; a&mufcJhzl;onf/ tajccHtwef;rsm; jzpfonfESifhtnD wef;ausmif;om; rsm;omru pmoifwdkufoHCmrsm;yg jy|mef;pmtkyfudkxrf;um pmayoifMum;Muonfudkom awGU&onf/   
          xdkrSwpfqifhwufum wuúodkvftqifhe,fy,fudk MunfhvdkufvQifrl tajccHtwef;rsm;ESifh wpfrluJGjym;oGm;onfudk awGU&onf/ okdYaomf oD&dvuFmwuúodkvfynma&;udkrl tyfusrwfus rodonfudkawmh 0efcH&ayrnf/ odkY&mwGif rdrdwufa&mufzl;onfh auved,wuúodkvf (PGIPBS, University of Kelaniya)? bDyD,l wuúokdvf (Buddhist and Pali University {BPU})ESifh ay&ma'ed,wuúodkvf (University of Peradeniya)wdkYwGif awGU? jrif? Mum;od&onfh twdkif; ajym&vQif wuúodkvfynma&;ESifh tajccHynma&;rSm ododomomjcm;em;oGm;onfudk awGU&onf/
          txufygtcsufrsm;udk tajccHíajym&vQif oD&dvuFmynmoifMum;a&;pepfrSm tajccHESifh txufwef;wdkYwGif jy|mef;usrf;pmudk tav;ay;aom pmoifMumenf;jzpfNyD; wuúodkvftqifhwGifrl pmMunfhwdkufudk tav;ay;aom pmoifenf;jzpfonf/ 
          wuúodkvfausmif;om;wpfa,muftaejzifh jy|mef;pmtkyfrsm;udkudkifum ausmif;wufp&m rvdkyg/ xkdYtwl q&muvnf; jy|mef;pmtkyfrsm;udkudkfifum oifMum;ay;vdrhfrnf r[kwfyg/ xkdjy|mef; pmtkyfrsm;udk wuúodkvfpmMunfhwdkufwGif ausmif;om;udk,fwdkif zwf½Iavhvm&onf/ ,if;pmtkyfrsm;udk tajccHum oifMum;aom q&m\t,ltq? tjrif½Iaxmifhrsm;udk rSwfom;í rdrdzwfrSwf xm;onfht&mrsm;? t,lqrsm;ESifh rwdkufqdkifvQif tajctwif aqG;aEG;Ekdifonf/ tjyeftvSef ar;jref;Ekdifonf/
          pmMunfhwdkufonf wuúodkvfausmif;om;wpfa,muftwGuf toufjzpfí ausmif;tyfpOfuwnf;uyif pmMunfhwdkufaMu;udkvnf; wpfygwnf; oGif;&onf/ trfat(M.A)wef;udk jyefvnfajzqdkrnfh ausmif;om;wpfa,mufudk ausmif;jyeftyfay;&ef tultnDawmif;í vdkufay;cJhzl;onf/ ,if;ausmif;om;u rdrdonf pmMunfhwdkufudk toHk;rjyKonfhtwGuf pmMunfhwdkufaMu;udk roGif;EdkifaMumif; vufaxmufarmfuGef;xdrf;udkajym&m pmMunfhwdkufudk toHk;rjyKvQif 'DESpfvnf; pmar;yJGxyfus vdrfhrnf[k jyefajymonfudk awGUcJh&onf/ 
000000000
          tbd"r®w¬o*F[wGif yg0ifaom pdwfydkif;udk tajcjyKrlvwef;wGif udk&ifi,fb0jzifh pwifoifMum;&onf/ pdwfydkif;NyD;atmifoifzdkYtwGuf wpfvcefYMumonf/ ygVd? teuf? jrefrmjyefawGomru t&aumufawGyg usuf&aomaMumifh jzpfonf/ tao;pdwf oifMum;aomenf;pepf jzpfygonf/ tvGwfvnf; tukef&ygonf/ odkY&mwGif wu,fhqdkvdk&if; t"dyÜgudk,fawmh rodcJh&yg/ wuúodkvfudka&mufjyefawmh i,fpOfuusufcJh&aom pdwfydkif;udk t*Fvdyfvdkjyefusuf&onfom xl;onf/ usefwmuawmh i,fpOfuoifcJh&onfh twkdif;yif/ tcsdefuawmh i,fpOfuoifMum;cJh&wmxuf ydkíMumoGm;onf/ toufBuD;rS 0ufoufaygufouJhodkY t½G,fvGefrS t*FvdyfpmayESifh bmompum;udk pwifxdawGU&aomaMumifhyif/
          oD&dvuFmwGif ausmif;wufawmh q&mu pdwfydkif;udk oifoGm;onfrSm ig;rdepfyif rMumvdkuf/ pdwfydkif;udk tusOf;csKyfajym&vQif oDv? orm"d? ynmwdkY jzpfaMumif;? umrpdwf 54-yg;rSm ukodkvf? tukodkvfwdkYudk ajymjcif;aMumifh oDvjzpfaMumif;? ½lypdwf 15-yg;ESifh t½lypdwf 12-yg;wdkYrSm psmefpdwfrsm;jzpfjcif;aMumifh orm"dudkqdkvdkaMumif;? avmukwå&mpdwftusOf; 8-yg;? tus,f 40-wdkYrSm ynmjzpfaMumif; oifoGm;onf/ Ak'¨bmomtESpfcsKyfudk pdwfydkif;ESifhyif oifjyoGm;onf/
          jrefrmausmif;om;oHCmawmfwdkY\ tm;omcsufrSm umrpdwf 54-yg;vdkY qdkvdkufvQif u&m;a&vTwf&onfhtjyif tao;pdwftm;vHk;udkvnf; &onf/ oD&dvuFmausmif;om;rsm;omru ygarmu©BuD;rsm;yif jrefrmausmif;om;oHCmawmfwdkYuJhokdY tvGwfr&onfudk awGU&onf/ avmbrlpdwf 8-yg;udkyif csmcsmvnfatmif a&wGufaeonfudk awGU&zl;onf/ odkY&mwGif tv*'´Lyrokwf? omrnzvokwf? r[mowdy|meokwf ponfjzifh ajymvdkufvQif oD&dvuFmom;awGu b,fyd#uwf? b,fedum,frSmygonf/ ,if;edum,fu okwfaygif; b,favmuf&Sdonfudk a'gufueJ ajymEdkifonf/ 0dok'¨dr*fwGif tcef;rnfrSs½SdNyD; aemufcHordkif;udk o'¨gw&m;½Iaxmifh? ynm&Sif½IaxmifhwdkYjzifh rqdkif;rwG ajymjyEdkifonf/
          jrefrmwdkY\ynmoifMum;a&;pepfrSm atmufajcuae txufudkwpfqifhjcif;wufum tm;vHk;udkjrifatmif tm;xkwfenf;jzpfí oD&dvuFmom;wdkYurl tay:pD;uae atmufudkiHkYMunfhí ysrf;rQodEdkifaom oifMum;enf;jzpfonf[k ynm½SiftcsdKUu oHk;oyfMuonf/
          ½IaxmifhtrsdK;rsdK;? tjriftrsdK;rsdK; &SdMuonfjzpf&m rnfrQ xda&mufonfhoifMum;enf;pepfjzpfygap NyD;jynfhpHkEdkifrnfawmh r[kwfay/ udavomrukefqHk;ao;aom omrefvlom;wkdY\ vkyfaqmifcsufrsm;omjzpfí tm;enf;csuf tm;omcsufrsm;uawmh &SdaeOD;rSmyif/ tm;vHk;twGuf oifhawmfaom oifMum;enf;jzpfzddkYqdkonfrSm tawmfyifcJ,Of;ayvdrfhrnf/ odkYjzpfí q&mwifrdk;\ t"dyÜg,fjynfh0vSonfh ]]tvSukd,fpD}} uAsmav;twdkif; udk,fhtvSESifhudk,f udk,fh*kPfESifhudk,f&SdaMumif;udk jrifatmifMunfh odzdkYawmhvdkygonf/
          zkd;vrif;vnf;? olYtqif;ESifh tvif;ESifh
          rD;wkdifi,fvnf;? olYt½G,fESifh tpG,fESifh
          pHy,fzl;vnf;? olY*kPfxl;ESifh ikHzl;ESifh
          ydawmuf0gvnf;? olYtcgESifh eYHomESifh
          jrpfNyifeufvnf;? olYokdif;uGufESifh vdIif;,ufESifh
          prf;acsmif;acGvnf;? olYacsmif;a&ESifh avmif;avSESifh
          rnfonfht&m rqkdomwnfh
          olYrSmukd,hfrSm tvSomwnfh
          obm0vQif tvSukd,fpD
          pGrf;&nfukd,fi vufaqmifiS\
          tvS0efwkd rjiifNiKdESifh
          0efwkdrIom rvS&mwnfh
          olY*kPf oYlodef oYlt&SdefESifh
          tcsdeftcg ae&ma'o
          Xmetavsmuf ta&;a&mufonf
          pGrf;avmufEkdifol csnf;ygwum;......../
          
                                                          ol (o&uf)
2011-ckESpfxkwf vuFmwrefr*¾¾Zif;wGif azmfjycJhonhf aqmif;yg;jzpfonf/