သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)
Showing posts with label မှတ်တမ်းဓာတ်ပုံ. Show all posts
Showing posts with label မှတ်တမ်းဓာတ်ပုံ. Show all posts

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်
**********************
နှစ်စပိုင်းက မြန်မာပြည် ပြန်ဖြစ်ခဲ့တယ်။ နှစ်လကျော်ကြာနေခဲ့ပြီး ကလေးတွေ ပညာရေး အတွက်လည်း တစ်တပ်တစ်အား လုပ်ခဲ့တယ်။ အင်္ဂလိပ်စာနဲ့ ယဉ်ကျေးမှု သင်တန်းတွေ ဦးဆောင် ဖွင့်ဖြစ်ခဲ့ပြီး လေးဋ္ဌာနပေါင်းဆို ကျောင်းသားပေါင်း ထောင့်ငါးရာကျော်ကို သင်ကြားပေးခဲ့တယ်။ တခြားတခြား လုပ်ငန်းတွေလည်း လုပ်ဖြစ်ခဲ့ပေမယ့် ကလေးတွေအတွက် လုပ်ပေးနိုင်ခဲ့လို့ ပိုပြီး ၀မ်းသာမိတယ်။ ကလေးတွေဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ တိုင်းပြည်ရဲ့ ရတနာတွေ မလား။ အနည်းဆုံးတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်တော့ ဖြစ်လာကြမှာပါ။ ဒီထက်ပိုပြောရရင် သက်ရှိသက်မဲ့ လောကကြီးတစ်ခုလုံးရဲ့ အကျိုးဆောင်တွေဖြစ်လာစေဖို့ မှန်ကန်တဲ့ပညာရေး မှန်ကန်တဲ့အချိန်တွေကို အသုံးချပြီး ဖြူစင်တဲ့ ဘာသာတရားရဲ့ အရိပ်အောက်မှာ နားခိုနိုင်အောင် အားထုတ်ခဲ့ကြတာပါ။
ကိုယ့်ကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ယဉ်ကျေးမှုသင်တန်း ဖွင့်လာတာ ကြာပါပြီ။ ကျန်တဲ့နေရာတွေကတော့ သိပ်မကြာသေးပါဘူး။ ကလေးတွေအတွက် စဉ်ဆက်မပြတ်တဲ့ ပညာရေးဖြစ်သွားအောင် ဓမ္မစကူးလ်ဖွင့်သင်ကြားဖို့လည်း အုဋ္ဌ်မြစ်ချခဲ့ပါတယ်။ အခုတော့ မြင်တဲ့အတိုင်းပါ။ ကျောင်းက နာယကဆရာတော်များရဲ့ ဦးဆောင်မှုနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားနိုင်နေပါပြီ။ ပညာဒါန လုပ်အားပေးကြတဲ့ ဆရာ/မရာမတွေ သံဃာတော်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျောင်းသားပေါင်း သုံးရာဝန်းကျင်ရှိပြီး သင်ထောက်ကူပစ္စည်းများ အဟာရများ လှူဒါန်းကြတဲ့ ဒကာ/ဒကာမ အားလုံးတို့ရဲ့ စေတနာကောင်းတွေကလည်း လုပ်ငန်းအတွက် အားသစ်အင်သစ်တွေ ဖြစ်စေပါတယ်။
ကောင်းမှုကုသိုလ်များ ပျော်ရွှင်မှုများကို ကိုယ်စီကိုယ်ငှ ဖန်တီးရယူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
၂၀-၀၈-၂၀၁၂
(မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ ရှစ်မျက်နှာ ပရိယတ္တိ စာသင်တိုက်မှ ဓမ္မစကူးလ် ပုံရိပ်များ)




စာနာဖေးမ ပရဟိတ

စာနာဖေးမ ပရဟိတ
ဆောင်းအကုန် နွေအကူးရောက်ပြီဆိုတာနဲ့ လူရော တိရစ္ဆာန်များ အတွက်ပါ သောက်/ သုံးရေ ပြတ်လပ်လေ့ရှိသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စမ်းမကြီးကျေးရွာတွင် သောက်/သုံးရေ အဆင်ပြေစေရန် ကံဟောင်း ဆည်ဟောင်းများ ပြုပြင်ခြင်း၊ ရေတွင်းများ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကို သရက်မြို့ ရှစ်မျက်နှာ ပရိယတ္တိ စာသင်တိုက်မှ နာယကဆရာတော်များ ဦးဆောင်လျှက် သံဃာတော်များမှလည်း ဒကာ/ဒကာများနှင့်အတူ ၀ိုင်းဝန်းကူညီခဲ့ကြသည်။ ၂၀၁၂-ခုက စတင်ခဲ့ပြီး ၂၀၁၃/၁၄ တွင် အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ခဲ့သည်။



ပရဟိတ မွန်မြတ်လှ

နွမ်းပါးရှာသူ၊ ချို့တဲ့သူကို
ကူညီမ,စ၊ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။

မိဘမဲ့သူ၊ ကံဆိုးသူကို 
ကူညီယုယ၊ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။


မသန်စွမ်းသူ၊ အားနွဲ့သူကို
ကူညီဖေးမ၊ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။


မကျန်းမာသူ၊ နာသောသူကို
ကူညီစောင်မ၊ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။


ပညာနည်းသူ၊ ဉာဏ်မွဲသူကို
ကူညီတွဲကြ၊ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။



ကွယ်လွန်ရှာသူ၊ သက်မဲ့သူကို
ကူညီဝိုင်းကြ၊ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။


ဘ၀ခရီး၊ လမ်းမကြီးကို
အသီးသီးသူငါ၊ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ၊ များလှစွာကို
စာနာဖေးမ၊ ကူညီကြသည်
ပရဟိတ၊ မြတ်အလှတည့်။


ပြုကြပုဂ္ဂိုလ်၊ များထိုထို၏
ကုသိုလ်ကောင်းမှု၊ အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။   ။  (မင်းယုဝေ)


၇-ရက်တရားစခန်း မှတ်တမ်းဓာတ်ပုံများ

၂၀၁၃-ခုနှစ်
စတုတ္ထအကြိမ်အမြောက် ၇-ရက်တရားစခန်း
ရှစ်မျက်နှာ ပရိယတ္တိ စာသင်တိုက်
(ချမ်းမြဂုဏ်ရည် မဟာစည်သာသနာ့ရိပ်သာ)
သရက်မြို့၊ မကွေးတိုင်းဒေသကြီး
တရားစခန်းသိမ်းပွဲတွင် တွေ့ရသည့် ကမ္မဋ္ဌာနစရိယဆရာတော်၊ ဓမ္မကထိက ဆရာတော်၊ အမှုဆောင်ဆရာတော်များ၊ ယောဂီထိန်းဆရာလေးများနှင့် ယောဂီများ။






























ကျေးလက်မြင်ကွင်း ကျေးလက်ရှုခင်း-၅

   မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့အတွင်းရှိ ရေတွင်းကြီးကျေးရွာအုပ်စု/ရွာ၊ ရွာဦး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စနစ်တကျ စိုက်ပျိုးထားသည် သက်တမ်း(၂၀)ကျော်ခန့်ရှိသော ကျွန်းပင်များဖြစ်သည်။

ကျေးလက်မြင်ကွင်း ကျေးလက်ရှုခင်း-၎


              ရှေးနှစ်ပေါင်းများစွာကနေ ယနေ့တိုင်ထိ ကျေးရွာနေလုထုတို့ အချိန်သိစေရန် နာရီထိုးရာတွင် အသုံးပြုနေသော စည်တော်ကြီးဖြစ်သည်။ ဤစည်တော်ကြီးကို ထိုးစည်ဖြင့် တွဲထိုးပြီး နံက် ၇-နာရီ၊ ၉-နာရီ၊ နေ့လည် ၁၂-နာရီ၊ နေ့ခင်း ၃-နာရီနှင့် ညနေ ၅-နာရီ အချိန်တို့တွင် အသုံးပြုသည်။ 



          ရှေးနှစ်ပေါင်းများစွာမှ စ၍ ယနေ့တိုင်အောင် ထိုးစည်ဖြင့် ကျေးရွာလူထုအား အချိန်ကို သိစေသည်။ ထိုးစည်ကို နံက် ၆-နာရီမှ စ၍ ညနေ ၆-နာရီတိုင်အောင် သားရေစည်နှင့် တစ်လှည့် တုံးမောင်းဖြင့် တစ်လှည့် တွဲထိုးလေ့ရှိသည်။  ထိုးစည်ချည်း သက်သက်ကို နံက်- ၆-နာရီ၊ ၈-နာရီ၊ ၁၁-နာရီ၊ နေ့ခင်း ၁-နာရီ၊ နေ့ခင်း ၂-နာရီ၊ ညနေ ၄-နာရီနှင့် ညနေ ၆-နာရီတို့တွင် အသုံးပြုသည်။

ကျေးလက်မြင်ကွင်း ကျေးလက်ရှုခင်း-၃






သဘာဝစိမ်းလန်းတော (၂၀၁၁၊ နိုဝင်ဘာလ)
ရေတွင်းကြီးရွာ၊ မင်းလှမြို့နယ်၊ မကွေးတိုင်း။

ကျေးလက်မြင်ကွင်း ကျေးလက်ရှုခင်း-၂









 ကိုးတွင်းကြီးတောင် စေတီများ (၂၀၁၁၊ နိုဝင်ဘာလ)
ရေးတွင်းကြီးရွာ၊ မင်းလှမြို့နယ်၊ မကွေးတိုင်း။

ကျေးလက်မြင်ကွင်း ကျေးလက်ရှုခင်း-၁





မသာယာသော ရွာအ၀င်လမ်းမ တစ်နေရာ (၂၀၁၁၊ နိုင်ဝင်ဘာလ)
ရေတွင်းကြီးရွာ၊ မင်းလှမြို့နယ်၊ မကွေးတိုင်း