သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

ကျေးလက်မြင်ကွင်း ကျေးလက်ရှုခင်း-၎


              ရှေးနှစ်ပေါင်းများစွာကနေ ယနေ့တိုင်ထိ ကျေးရွာနေလုထုတို့ အချိန်သိစေရန် နာရီထိုးရာတွင် အသုံးပြုနေသော စည်တော်ကြီးဖြစ်သည်။ ဤစည်တော်ကြီးကို ထိုးစည်ဖြင့် တွဲထိုးပြီး နံက် ၇-နာရီ၊ ၉-နာရီ၊ နေ့လည် ၁၂-နာရီ၊ နေ့ခင်း ၃-နာရီနှင့် ညနေ ၅-နာရီ အချိန်တို့တွင် အသုံးပြုသည်။ 



          ရှေးနှစ်ပေါင်းများစွာမှ စ၍ ယနေ့တိုင်အောင် ထိုးစည်ဖြင့် ကျေးရွာလူထုအား အချိန်ကို သိစေသည်။ ထိုးစည်ကို နံက် ၆-နာရီမှ စ၍ ညနေ ၆-နာရီတိုင်အောင် သားရေစည်နှင့် တစ်လှည့် တုံးမောင်းဖြင့် တစ်လှည့် တွဲထိုးလေ့ရှိသည်။  ထိုးစည်ချည်း သက်သက်ကို နံက်- ၆-နာရီ၊ ၈-နာရီ၊ ၁၁-နာရီ၊ နေ့ခင်း ၁-နာရီ၊ နေ့ခင်း ၂-နာရီ၊ ညနေ ၄-နာရီနှင့် ညနေ ၆-နာရီတို့တွင် အသုံးပြုသည်။

One response to “ကျေးလက်မြင်ကွင်း ကျေးလက်ရှုခင်း-၄”

a said...

ကျွန်းပင်တွေက သိပ်မထွားဘူးနော်
ရေတွင်းကြီးရွာကို တခေါက်ရောဘူးပါတယ်
သိမ်ကြီးပြီးတဲ့ နှစ်က (၁၀)နှစ်သားလောက်ပဲရှိတာဆိုတော့
အသေအရှာ မမှတ်မိတော့ဘူး

Post a Comment