သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

နှောင်အိမ်ဖွဲ့စိတ်

“နှောင်အိမ်ဖွဲ့စိတ်”
အတိတ်ကို တိုးတိုးဖော်လုပ်ရင်း
မနက်ဖန်များစွာကို ခမ်းနားစေဖို့
ပစ္စုပ္ပန်နဲ့အဖော်ပြုပေးရတာကို လှောင်နေမိတယ်….။
ပျောက်ဆုံးသွားတဲ့ နေ့ရက်တွေကို ဖာထေးဖို့
ပြက္ခဒိန်ကို အကြိမ်ကြိမ်ကြည့်မိ
ကုန်ဆုံးသွားတဲ့ အချိန်တွေကို အစားထိုးဖို့
နာရီတွေကို သံပတ်တင်း
ခပ်ကျဉ်းကျဉ်းအခန်းထဲ ချောင်ပိတ်မိနေပြီ…….။
            သူ (သရက်)
           May 4, 2012

No response to “နှောင်အိမ်ဖွဲ့စိတ်”

Post a Comment