“မမြင်သာတဲ့ ဝေဒနာတွေနဲ့….”
မပြောချင်တာလည်း မရှိဘူး
မပြောခဲ့တာတွေဘဲရှိတယ်
မလုပ်ချင်တာလည်း မရှိဘူး
မလုပ်ခဲ့တာတွေပဲရှိတယ်
ဘ၀တဲ့လား
အငိုလွယ် အရှိုက်ခက်ပါရဲ့
လှောင်အိမ်ထဲက ငှက်
အိမ်ပြန်ဖို့ ပျက်ကွက်တယ်လို့ မဆိုပါနဲ့
မင်းအတွက်လို့ရည်ညွှန်းတဲ့
ငါ့အတ္တကိုချခင်းပြီး
လမ်းလျှောက်လာတာ
တိမ်တွေတောင် ငိုပွဲဆင်နေပြီ
မျက်ရည်ဆည်ဖို့လက်တွေ
မင်းဆီမှာ ကျန်ရစ်ခဲ့တယ်ဆိုတာ
မသိပဲနေမလား…………….။
သူ (သရက်)
Friday, May 18, 2012







No response to “မမြင်သာတဲ့ ဝေဒနာတွေနဲ့”
Post a Comment