“.….သိစေတော့”
ဝေဆာချိန်
အတူပျော်ခဲ့ဖူးပေမယ့်
မြေခ,ချိန် နင်းချေရက်လေတယ်လို့
ငိုချင်းရှည်မချတော့ဘူး
ပန်းခင်းလမ်းကိုလျှောက်ဖို့
အလွမ်းသင့် ငါ့ကိုငါ စတေးပြီးသားပါ……….။
ဝေဖို့အတွက်
ကြွေရတယ်လို့တော့ မဆိုရက်ပါဘူး
ဖြစ်-ပျက် နယ်ကနေ
လွတ်အောင်ကျိုးစားရင်း
ကြွေချိန်ကိုစောင့်ကာ
ဝေချိန်မှာ တင့်စေလို့
လောကကို အစွမ်းကုန် အလှဆင်မယ်
ကြွေချိန်မှာ အငိုတိတ်စေဖို့
လောကနိယာမကို လှစ်ပြခဲ့မယ်လေ……..။
တစ်နေ့နေ့ပေါ့
အဲဒီ တစ်နေ့နေ့မှာ
တို့တစ်တွေဟာ
သစ္စာပန်းတွေကို ထွေးပွေ့ရင်း
လောကအလှကို ရှာဖွေတွေ့ရှိမှာပါ…….။
သူ (သရက်)
May 13, 2012
No response to “...... သိစေတော့”
Post a Comment