ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်
**********************
နှစ်စပိုင်းက
မြန်မာပြည် ပြန်ဖြစ်ခဲ့တယ်။ နှစ်လကျော်ကြာနေခဲ့ပြီး ကလေးတွေ ပညာရေး အတွက်လည်း တစ်တပ်တစ်အား
လုပ်ခဲ့တယ်။ အင်္ဂလိပ်စာနဲ့ ယဉ်ကျေးမှု သင်တန်းတွေ ဦးဆောင် ဖွင့်ဖြစ်ခဲ့ပြီး လေးဋ္ဌာနပေါင်းဆို
ကျောင်းသားပေါင်း ထောင့်ငါးရာကျော်ကို သင်ကြားပေးခဲ့တယ်။ တခြားတခြား လုပ်ငန်းတွေလည်း
လုပ်ဖြစ်ခဲ့ပေမယ့် ကလေးတွေအတွက် လုပ်ပေးနိုင်ခဲ့လို့ ပိုပြီး ၀မ်းသာမိတယ်။ ကလေးတွေဆိုတာ
အနာဂတ်ရဲ့ ခေါင်းဆောင်တွေ တိုင်းပြည်ရဲ့ ရတနာတွေ မလား။ အနည်းဆုံးတော့ တိုင်းပြည်နဲ့
လူမျိုးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်တော့ ဖြစ်လာကြမှာပါ။ ဒီထက်ပိုပြောရရင် သက်ရှိသက်မဲ့
လောကကြီးတစ်ခုလုံးရဲ့ အကျိုးဆောင်တွေဖြစ်လာစေဖို့ မှန်ကန်တဲ့ပညာရေး မှန်ကန်တဲ့အချိန်တွေကို
အသုံးချပြီး ဖြူစင်တဲ့ ဘာသာတရားရဲ့ အရိပ်အောက်မှာ နားခိုနိုင်အောင် အားထုတ်ခဲ့ကြတာပါ။
ကိုယ့်ကျောင်းမှာ
နှစ်စဉ်နှစ်တိုင်း ယဉ်ကျေးမှုသင်တန်း ဖွင့်လာတာ ကြာပါပြီ။ ကျန်တဲ့နေရာတွေကတော့ သိပ်မကြာသေးပါဘူး။
ကလေးတွေအတွက် စဉ်ဆက်မပြတ်တဲ့ ပညာရေးဖြစ်သွားအောင် ဓမ္မစကူးလ်ဖွင့်သင်ကြားဖို့လည်း အုဋ္ဌ်မြစ်ချခဲ့ပါတယ်။
အခုတော့ မြင်တဲ့အတိုင်းပါ။ ကျောင်းက နာယကဆရာတော်များရဲ့ ဦးဆောင်မှုနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း
ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားနိုင်နေပါပြီ။ ပညာဒါန လုပ်အားပေးကြတဲ့ ဆရာ/မရာမတွေ
သံဃာတော်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျောင်းသားပေါင်း သုံးရာဝန်းကျင်ရှိပြီး သင်ထောက်ကူပစ္စည်းများ
အဟာရများ လှူဒါန်းကြတဲ့ ဒကာ/ဒကာမ အားလုံးတို့ရဲ့ စေတနာကောင်းတွေကလည်း လုပ်ငန်းအတွက်
အားသစ်အင်သစ်တွေ ဖြစ်စေပါတယ်။
ကောင်းမှုကုသိုလ်များ ပျော်ရွှင်မှုများကို ကိုယ်စီကိုယ်ငှ
ဖန်တီးရယူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ
(ပေရာဒေနိယတက္ကသိုလ်)
၂၀-၀၈-၂၀၁၂
(မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ပြည်တော်အေးရပ်ကွက်၊ ရှစ်မျက်နှာ ပရိယတ္တိ
စာသင်တိုက်မှ ဓမ္မစကူးလ် ပုံရိပ်များ)

No response to “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”
Post a Comment