"သူငယ်ချင်း"
လောကဓံလှိုင်တွေကြားက
ရွက်နဲ့လှေလို
လိုအပ်လို့ချည်နှောင်ထားတဲ့ကြိုးလေးပါ
တက်နဲ့လှေလိုလည်း
အပြန်အလှန်အားပြုပါမှ
ရှေ့ကိုရောက်ကြမယ်လေ.....
စွန်လွှတ်တင်နေသလို
မင်းကလည်းတင်း
ငါကလည်းမလျော့နိုင်လျှင်
ပြတ်ဖို့ပဲရှိတော့တယ်
တကယ်တော့ ဒို့တွေဟာ
သူငယ်ချင်းဆိုတဲ့ ဖန်ခွက်ကလေးကို
ဖွဖွလေးကိုင် ရွရွလေးပိုင်ထားရတာလေ
မတော်လို့များ
လွတ်ကျလို့ကွဲခဲ့ရင်
အဆင့်မြင့်နည်းပညာအားကိုးနဲ့
ပြန်အစားထိုးလို့ ရတယ်ဆိုပေမဲ့
အက်ကြာင်းလေးကတော့ ကျန်နေမှာပဲ..။
သူ {သရက်}
No response to “၂၀၁၀-နေ့စွဲများ”
Post a Comment