“ဥပေက္ခာခွက်ထဲက ကော်ဖီ”
ငါ့ကိုအဖော်ပြုရင်း
မိုးသည်းတဲ့နေ့တွေမှာ မင်းပြောလေ့ရှိတယ်
ကဗျာဖြစ်ဖို့ ငါကိုစတေးရက်တယ်လို့ မပြောရက်ပါဘူး
နွေးထွေတဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့
အဆုံးတိုင် အဖော်ပြုပေးမယ်………။
ကွန်ပြူတာကိုဖွင့်တိုင်း
စာအုပ်တွေလှန်တိုင်းမှာ
ငါဟာမင်းနှင့်အတူ
လောကကြီးကို လေ့လာဖူးတယ်
ဘာကိုမှ နားမလည်ပေမယ့်
လေ့လာမှုတွေကို ဖက်တွယ်နေတဲ့မင်းကို
မင်းလက်ထဲက အမေ့ခံဘ၀လေးနဲ့
ရူးသွပ်စွာ မက်မောရင်း
ဥပေက္ခာ ပြုရက်လေခြင်းလို့ ငါမဆိုပါဘူး…….။
မင်းတမ်းတတိုင်းမှာ
ငါရောက်မလာနိုင်ပေမယ့်
ငါရှိတဲ့အခါတိုင်းမှာ
မင်းကိုဖြည့်ဆည်းပေမယ်လေ
အမေ့ခံ ဘ၀ဟာလည်း
ကြေကွဲစရာပဲရယ်လို့ စောဒက,မတက်တော့ဘူး
ကြုံသလိုဘ၀ကို မဖြတ်သန်းပါနဲ့
မင်းရဲ့နေ့သစ်တိုင်းကို တောက်ပစေဖို့
ငါ့ကိုငါ လောင်မြိုက်ခွင့်ရတာကိုက
ကံကောင်းခြင်းပဲလေ…..။ ။
သူ (သရက်)
26 April 2012








No response to “ဥပေက္ခာခွက်ထဲက ကော်ဖီ”
Post a Comment