ကောင်းမှု့အထွေထွေ ရပါစေ!
မကြာမှီရက်ပိုင်းအတွင်း စာရေးသူ၏ တတိယမြောက်ခြေလှမ်းအဖြစ် “စနစ်တကျမှား” အမည်ရ သည့် စာအုပ်လေးကို မြန်မာပြည်တွင် ဖြန့်ချီတော့မည်ဟု သိရသည်။

စာရေးသူ နိုင်ငံခြားကို ပညာသင်ထွက်ရာတွင် တစ်ဦးတစ်ယောက်တည်းကနေ လုံးလုံးခဲခဲ လှူဒါန်း ထောက်ပံ့သူ တစ်ဦးမျှမရှိပါ။ ဟိုကနည်းနည်းလှူ၊ ဒီကနည်းနည်းထည့်နဲ့သာဖြစ်သည်။ ၇-ရက်သားသမီး ကောင်းမှုဟုဆိုက သင့်တော်မည်ထင်သည်။ တက္ကသိုလ် တန်းစဉ်စာအောင်ဆုများနှင့် ထိုထိုနည်းများမဟူ အလှူရှင်တို့၏ လှူဒါန်းမှု့များကြောင့် နိုင်ငံခြားကို ပညာတော်သင် ရောက်ခဲ့ရသည်။
ထိုအလှူရှင်များကား စာရေးသူအပေါ်တွင် လွန်စွာမှ ကျေားဇူးကြီးမားလှပေသည်။ ကျေးဇူးရှိသူ များကို ကျေးဇူးဆပ်ရမည်မှာ ဗုဒ္ဓညွှန်ကြားခဲ့သော လမ်းစဉ်လည်းဖြစ်သည်။ ထိုကြောင့် အဝေးရောက် စာရေးသူအတွက် စာပေရေးသားခြင်းဖြင့်သာ အသင့်တော်ဆုံး နည်းလမ်းဖြစ်၍ စာပေရေးသားခြင်းဖြင့်သာ ကျေးဇူးဆပ်လိုက်ရပါသည်။ စာအုပ်ထုတ်ဝေ၍ ကုန်ကျသော စရိတ်များကို စာရေးသူ၏ ကျောင်းစရိတ်များ ထဲမှပင် အသုံးပြုထားပါသည်။
အကြောင်းကြောင့် အကျိုးဖြစ်ရသည့် ဓမ္မတာအတိုင်း ရရှိလာမည့် ကောင်းကျိုး၊ ဆိုးပြစ် အထွေထွေ များအတွက် စာရေးသူသာ တာဝန်ရှိပါသည်။ စာရေးသူ့နည်းတူ အကျိုးအမြတ်ကို ပဓာနမထားပဲ ကိုယ်အား၊ ဥာဏ်အား ရှိသရွေ့ အားတက်သရော အကူညီပေးကြသည့် မြန်မာပြည်မှ Smile-မိသားစုကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် စာဖတ်သူတို့အားလည်း ငါတော်၊ငါတတ် စသော ယုတ်မာသည့် သဘောဖြင့် ရေးသားရခြင်း မဟုတ်ပါကြောင်း သိစေအပ်ပါသည်။
စာပေရေးသား၍ တစ်ဖက်တစ်လမ်းကနေ ဓမ္မအသိကို ပေးနိုင်ခဲ့ပါလျှင် ကုသိုလ်အစုကို ရရှိမည် ဖြစ်သည်။ ထိုကုသိုလ်အစုနှင့် နေ့စဉ်ဝတ်မပျက် အားထုတ်မှု့ကြောင့် ရရှိအပ်သော မိမိ၏ ကောင်းမှု့ ကုသိုလ်တို့ကို မိဘ၊ဆရာသမား၊ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြသည့် ဒကာ/ဒကာမများနှင့် သုံးဆယ့်တစ်ဘုံ ကျင်လည်နေကြသည့် ပုပုရွရွ သတ္တ၀ါတို့အား ရရှိ၊ ရောက်ရှိပါစေဟုသာ………….။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Tuesday, August 02, 2011
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment