“အမှိုက်တောင်းလေးပြည့်နေပြီ”
အလုပ်တွေလုပ်နေရင်း
အလုပ်မဲ့နေကြ……။
စကားတွေပြောနေရင်း
ဆွံ့အနေကြ….။
တစ်မိုးအောက်မှာဆုံဆည်းရင်း
စိတ်ဓာတ်တွေကြေမွကြ……….။
မျက်နှာချင်းဆိုင်ရင်း
ရိုင်းပင်းမှုကိုနောက်ကိုင်းနေကြ……..။
ဟားတိုက်နေရင်း
နှလုံးသွားတွေငိုကြွှေးကြ………။
ပညာတွေသင်ရင်း
အသိတွေခေါင်းပါးကြ……..။
မှန်ရှေ့ရပ်နေရင်း
ကိုယ့်ကိုယ်ကိုဘာမှန်းမသိကြ……။
မာနတံခါးရွက်ကိုဆွဲစေ့
ခွင့်လွှတ်ခြင်းတွေကို
အမှိုက်တောင်းထဲ
အော်………လူတဲ့လား?
တလူလူနေလိုက်တာ
တစ်ယောက်တည်းနေတာတောင်
ကြပ်နေလို့
ဟိုဖက်ရွှေ့ပါဦးလုပ်နေရပြီ...။ ။
သူ (သရက်)
25 Dec 2011
သူ (သရက်)
25 Dec 2011
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment