နိယာမ
အညာမြေကပိတောက်
အောက်မြေပေါက်တော့
နွေတစ်ခိုက်မဟုတ်
မိုးပြိုက်တိုင်း လန်းနေရဲ့….။
အင်း……
တိုင်းတစ်ပါးရောက်တော့
လေသွေးတိုင်းမွှေးနေတဲ့
ပိတောက်ရနံ့ဟာ
အနံ့သင်းသလောက်
ဂုဏ်ကင်းပျောက်ခဲ့
လွမ်းသူလည်းမရှိ
တကယ်တော့
သူဟာ…
နာမည်ပညတ်ချက်အောက်မှာ
ရပ်နေသူမဟုတ်ပါဘူးလေ
ရောက်ရာအရပ်
ဖြစ်ရာဇာတ်နဲ့
သူ့အသွင်သူယူ
သူမူအတိုင်းပဲ..။
လူဆိုတဲ့လူဟာ
မချစ်ခင်တော့
အပြစ်မြင်
သူ့မူသူယွင်း
သူ့အတင်းသူဆောင်လို့ပါလား……..။ ။
သူ (သရက်)
Tuesday, June 07, 2011
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment