“လွမ်းစရာမဲ့ဘ၀ကိုပဲ လွမ်းမိတယ်”
ရိုးစင်းတဲ့တွယ်ရာနဲ့
စည်း,ကလနားမဲ့
ကလေးဘ၀မှာ
တို့တစ်တွေဟာ
တစ်လှေတည်းစီး
တစ်ခရီးသွားတွေပေါ့။
ဒီလိုနဲ့အရွယ်ရောက်လာ
မင်းလည်းမင်းခရီးသွား
ငါလည်းငါ့ခွန်အားနဲ့
အကြံတူတော့
အသွင်မတူ
အိမ်သူမဖြစ်ဆိုတာ
ဒီမှာတော့ နေရာမကျဘူး
ဘာပဲဖြစ်ဖြစ်
ကျောခြင်းတော့ခိုင်းခဲ့ပြီ။
အဲဒီအချိန်မှာ
တို့အသီးသီးမှာ
အမုန်းအဃာတ
ဂုဏ်မာနတွေ
နာကျင်အလွမ်းရော
ဒဏ်အသောသော။
တို့ငယ်စဉ်က
အတူတူစား
ကစားလည်းတူ
မင်းပျော်ငါပြုံး
မင်းငိုတော့ငါငို။
အချစ်နဲ့အမုန်းဆို
ဖြူမဲတောင်မသိ
လွမ်းစရာမရှိတဲ့
ဖြူစဉ်တဲ့ကလေးဘ၀ကို
ငါလွမ်းမိတယ်…..။ ။
သူ (သရက်)
Thursday, June 23, 2011
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment