“တူညီတဲ့ ဆန္ဒတစ်စုံ”
မိခင်မှဖွား
ထိုသည့်သားသည်
မာတာမိခင်
ကျေးဇူးရှင်ကို
မျက်ကွယ်ပြုထား
မေ့နိုင်ငြားလော….။
အကြောင်းမသင့်
ဆပ်ခွင့်မကြုံ
ကျေးဇူးဂုဏ်ကို
သွေဖောက်ပျက်ပြုန်း
ကျေးဇူးတုံးဟု
ရောင်ခြည်တစ်ထောင်
အလင်းဆောင်သည့်
လောကမှောင်ခွင်း
ရှင်နေမင်းတောင်
သုံးကျွန်းလင်းခိုက်
တစ်ကျွန်းမိုက်ခဲ့..…။
ထိုမျှလောက်ပင်
သူ့ဖြစ်အင်ကြောင့်
စွမ်းစမဲ့တုံ
ကျေးဇူးဂုဏ်ပျောက်
ဆိုအံ့လော……။
နှာခေါင်းနှစ်ပေါက်
သက်ထောက်ရပ်တည်
လူတူမည်လည်း
မညီဘဝ
က,ရထွေထွေ
ဇာတ်စင်ကမ္ဘာ
ဤလူ့ရွာဝယ်
ဇာတ်လိုက်ချည်းသာ
ဖြစ်လိုသာတည်း။
သူ (သရက်)
Thursday, April 7, 2011 (6:43 AM)
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment