“တောင်အာရှဒေသ၊ ထိပ်တန်းတက္ကသိုလ် (၁၀၀)အတွင်းသို့
ရောက်ရှိလာသည့် သီရိလင်္ကာတက္ကသိုလ်များ“
ရောက်ရှိလာသည့် သီရိလင်္ကာတက္ကသိုလ်များ“
* တောင်အာရှနိုင်ငံများမှ ထိပ်တန်းတက္ကသိုလ် (၁၀၀)တွင် ကိုလမ်ဘို တက္ကသိုလ်မှာ အဆင့် (၈)နှင့် ပေရာဒေနိယတက္ကသိုလ်မှာ အဆင့် (၂၃) သို့ အသီးသီးရောက်ရှိလာသည်။
အဆင့်မြင့်ပညာရေးတိုးတက်စေရန်အတွက် ပြည်တွင်းတက္ကသိုလ်(၆)ခုကို တောင်အာရှဒေသတွင်းရှိ ထိပ် တန်းတက္ကသိုလ် (၁၀၀) အတွင်းရောက်အောင် အစိုးရမှ ကြိုးစားခဲ့သည်။
နိုင်ငံတကာ တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်နှင့်အညီ သီရိလင်္ကာမှ (၁) Colombo, (၂) Peradeniya, (၃) Sri Jayawardena pura, (၄) Jaffna, (၅) Rajarata and (၆) the Open University စသော တက္ကသိုလ်(၆)ခုကို အဆင့်မြင့် ပေးနိုင်ခဲ့ကြောင်း အဆင့်မြင့် ပညာရေးဝန်ကြီးဋ္ဌာနမှ အတွင်းရေးမှုး Dr. Sunil Jayantha Nawaratne-မှ ပြောကြားခဲ့သည်။၂၀၁၂-ခု၊ တောင်အာရှဒေသတွင်း ထိပ်တန်းတက္ကသိုလ် (၁၀၀) တွင် နိုင်ငံတကာ တက္ကသိုလ်များ အဆင့် တိုးမြင့်သတ်မှတ်ပေးချက်အရ ကိုလမ်ဘိုတက္ကသိုလ်မှာ ဒေသတွင်း ထိပ်တန်းတက္ကသိုလ်(၁၀)ခုထဲ ပါဝင်ခဲ့ပြီး အဆင့် (၈)သို့ရောက်လာသည်။၊ ပေရာဒေနိယ တက္ကသိုလ်မှာ အဆင့် (၂၃)၊ မောရထုဝ (Moratuwa University)မှ အဆင့်(၅၀)၊ သီရိဇယ၀ါဒေန ပူရတက္ကသိုလ်မှာ အဆင့် (၆၁) နှင့် ကေလနိယတက္ကသိုလ်မှာ အဆင့် (၉၈) သို့ အသီးသီးရောက် လာကြသည်။ သို့ရာတွင် The Jaffna, Rajarata နှင့် Open University-တက္ကသိုလ် (၃)ခုတို့မှာ ဒေသတွင်း ထိပ်တန်းတက္ကသိုလ် (၁၀၀) အတွင်း မရောက်ရှိသေးပေ။ .
လာမည့်နှစ်တွင် နိုင်ငံတွင်းရှိတက္ကသိုလ်များကို နိုင်ငံတကာ တက္ကသိုလ်များအဆင့်ရောက်အောင် အဆင့်မြင့်ပညာရေးဝန်ကြီးဋ္ဌာနမှ ရည်မှန်းထားကြောင်း၊ သမ္မတမှ ယင်းစီမံကိန်းအတွက် ရူပီး သန်း(၆၀၀) သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း Dr. Nawaratne က ပြောဆိုခဲ့သည်။
ရည်ညွှန်းကိုးကား; DAILY NEWS; Friday, 10 February 2012
No response to “အဆင့်တက်လာသော သီရိလင်္ကာတက္ကသိုလ်များ”
Post a Comment