“အိမ်ပြန်မယ်ဆို….သူငယ်ချင်း”
ငါလည်း ရင်ခွင်ပြန်ပြီ…...။
အိမ်သူ-အိမ်သားတွေက
ငါ့ကို မျက်နှာစိမ်းလိုကြည့်
သူစိမ်းတစ်ရံစာလို ဆက်ဆံ-တဲ့
အိမ်လွမ်းငှက်တစ်ကောင်က
အဆိပ်သင့်ပျံသန်းစဉ် ပြောသွားတယ်။
ငါဟာ…. အိမ်ပေါ်ကဆင်းလာတာမဟုတ်ဘူး
သွေးသားတွေနဲ့အတူ
အရပ်တစ်ပါးစီးလာတာ
အိပ်တန်းဝင်ငါ့အချိန်
နားခိုရာငါ့အိမ်ဟာ
နွေးထွေးနေဆဲ
သက်ဝင်နေဆဲ-တဲ့
မုန်တိုင်းသင့်ငှက်တစ်ကောင်က
လေပြေသန်းတော့
လန်းသွားတယ်…….။ ။
သူ (သရက်)
Wednesday, October 05, 2011
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment