သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

ရွှေအိုရောင်သစ္စာ

ငါဟာ
အတိတ်မှာ ရွှေထီးဆောင်းခဲ့တာကို
စားမြုံ့ပြန်နေတတ်သူမဟုတ်
ဒါပေမဲ့
ဒီနေ့ ယိုယွင်းနေတဲ့
မင်းရဲ့အပြုမူတွေကို
ဖာထေးဖို့
အတိတ်က မင်းကောင်းခဲ့တာတွေကိုပဲ
သတိရနေမှာပါ….။
မင်းလည်းလူပဲ
မှားတတ်မှာပေါ့
ဒါပေမဲ့
အရာအားလုံးမှာ
သူ့အတိုင်းတာနဲ့လေ
အချိန်မနှောင်းခင်
မင်းဆင်ခြင်ရင်
မင်းအတွက်အကျိုးများ
ငါလည်း မုဒိတာပွားတာပေါ့။
ဘာပဲဖြစ်ဖြစ်
ဖြူဖြူမဲမဲ
ငါမခွဲဘူး
အရင်ကမင်းဟာ ငါ့ရဲ့သူငယ်ချင်း
အခုလည်းရောင်းရင်းပဲလေ……..။
                                          သူ (သရက်)
                                 Wednesday, July 06, 2011

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment