သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

စိတ်ခရီး
ဆောင်းကုန်နွေဦး
သည်ခါထူးဝယ် 
ရင်ဝယ်မောလျ
တမ်းတဘယ်မရွှင်
မကြင်ဘယ်စိမ်း
သူမတိမ်းမင့်…..။
လေ့လင့်ရွက်ကြွေ
ငှက်တေလေမဟုတ်
သိဥာဏ်စေရာ
တော်ရာနေငြား
လူသားပေမို့
ဆွေးတမုံ့…။
ဒို့ရပ်တိုင်းပြည်
မိမြန်ပြည်သည်
သစ်တမ်းတစ်နှစ်
ထပ်ဆင့်ရစ်သော်
ယိုယွင်းသော်ထင့်
ရင့်(ကျက်)သော်ထင့်…။
တို့ဘိုးဘွားမွေ
သုခုမွေနှင့်
စဉ်လာထုံးတမ်း
လန်းမြဲလန်းလော
ယုတ်ဆဲလော…။
မိဘဆရာ
ဆွေသဟာနှင့်
ငယ်ပေါင်းရောင်းရင်း
တအူတုံဆင်းကော
ခန့်ကျန်းသာလော
မာပါလော…။
ကစဥ့်ကလျား
စိတ်စေစားရာ
ဝေးရဋ္ဌာမှ
ဒို့ဘ၀သည်
ကဗျာမလှ
စာမကျသော်
ရော်ရည်မှန်းချင့် လွမ်းလို့ထင့်...။
                                                   သူ (သရက်)  
                                              1st March 1, 2011

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment