တစ်မိုးသောက်သော်
ဥသြတစ်ကောင်နဲ့
နွေမဖြစ်ဘူးလို့
ပြောတဲ့သူလည်းရှိရဲ့….။
ခွေးလေးခုန်လို့
ဖုန်မထပါဘူးလို့
ဆင်ခြေတွေကိုလည်း
နှမ်းတစ်ပွင့်နဲ့
ဆီမဖြစ်နိုင်ပါဘူးလို့
အကျောက်ကန်ပဲ
ယူဆနေသူတွေကော
နည်းရော့လား………။
တစ်တက်စားလည်း
ကြက်သွန်ဖြူ
နှစ်တက်စားတော့ကော
ဒါပဲလေလို့
တလွဲလေးလဲ
ကောင်းနေကြတာပဲ…။
ဒါပေမဲ့…
အုတ်တစ်ချပ်
သဲတစ်ပွင့်ပဲ
ဖြစ်ဖြစ်ပေါ့..။
ကျဖန်များတဲ့
မိုးစက်တွေက
သမုဒ္ဒရာကြီးဖြစ်လာနိုင်တယ်။
သန်းခေါင်ထက်
ညဥ့်မနက်တော့ပါဘူးလို့
အထွန့်မတက်တော့ပါ
ဟုတ်တယ်လေ
ကျောက်တုန်းကို
အရည်မညှစ်
ဓူဝံကြယ်ကိုလည်း
တံချူနဲ့ လှန်းမနေပါဘူး….။
ဘာပဲဖြစ်ဖြစ်
တစ်နေ့တစ်လံ
ပုဂံဘယ်ပြေးမလဲလို့တော့
အားတင်းထားတယ်….။
သူ (သရက်)
Sunday, May 08, 2011
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment