“တန်ပြန်နားလည်ခြင်း”
နှိုင်းယှဉ်မှုတွေကိုလေ့လာရင်း
မနှိုင်းယှဉ်မိဖို့ သိလာတယ်
ကောင်းကင်ရဲ့ဘဝ
မြေကြီးရဲ့ရသ
တစ်မျိုးတစ်ဘာသာစီပဲ
ယုတ္တိဗေဒတွေနဲ့
ကျိုးကြောင်းစီလျော်မှုကိုရှာရင်း
အစီအငေါ်မတည့်တာတွေလည်းများလှပြီ
နေ၀င်ရင် လထွက်
မထွက်တဲ့နေ့လည်း ရှိမှာပေါ့
မြင့်ရာကနိမ့်ရာကိုစီးဆင်းတဲ့နိယာမဟာ
မိုးပြိုတာကို လှောင်နေသလိုပဲ
သင်ရင်းကြမ်း မြင်လည်းကန်းနဲ့
နားလည်ချင်း ပေးဆပ်ချင်းတွေဟာ
ကိုယ်ကျင့်တရားတွေနဲ့အတူ
မေးခွန်းတွေအောက်မှာ
ခေါင်းမမော့နိုင်ရှာဘူး……….။
သူ (သရက်)
Friday, June 08, 2012







No response to “တန်ပြန်နားလည်ခြင်း”
Post a Comment