“တိမ်တွေရေးတဲ့ကဗျာ နှလုံးသားမှဖတ်ပါလား”
ယုံကြည်မှုတွေရဖို့
စကားတွေနဲ့တည်ဆောက်နေတယ်
လောကကြီးကတော့ ရယ်လျှက်ပဲ
နှစ်လုံးသားနှစ်ခု ပေါင်းစည်းအောင်
လျှာတွေကို ပေါင်းကူးတံတာထိုးမလို့လား
သစ္စာတရားက လှောင်ပြုံးနေပြီ
ငြိမ်နေတဲ့ ကန်ရေပြင်ဟာ
မေတ္တာတရားတွေနဲ့ နက်ရှိုင်းနေတယ်
သွေ့ခြောက်နေတဲ့နှလုံးသားက
အဓိပ္ပာယ်မဖတ်တတ်ဘူး
နားလည်ခြင်းတွေက အော်ငိုနေပြီ
အော်……..
တထိတ်ထိတ်တုန် နှလုံးခုန်စုံလို့
ကြယ်တွေတောင်ကြွေရပြီ
ပန်းတွေသီတဲ့သူကသီပြီး
ပန်ဆင်ဖို့ငံ့လင့်တဲ့သူကလည်း မျှော်လို့ပါလား………။
သူ (သရက်)
Tuesday, May 29, 2012







No response to “တိမ်တွေရေးတဲ့ကဗျာ နှလုံးသားမှဖတ်ပါလား”
Post a Comment