သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

ငါဟာ ငါပဲလေ


“ငါဟာ…… ငါပဲလေ”
စံနမူနာယူကာ ခေါင်းညိတ်လိုက်
သင်္ခန်းစာမှတ်ကာ ခေါင်းခါလိုက်ကွယ်
ဘေးလူတွေကိုကြည့်ရင်း
မှန်ရှေ့ရပ်ပြီး
ငါဘယ်သူလဲလို့
ဇဝေဇ၀ါဖြစ်မိတယ်
နဂိုမရှိတော့လည်း
ကိုယ့်အကြောင်းပြောဖို့
တစ်ပါးသူရဲ့ သမိုင်းစာမျက်နှာတွေကိုလှန်လှော
သူမှား ကိုမှန် လူတတ်ဟန်နဲ့
လူတော်ကြီးတဲ့လား
ကူးရဖန်များလို့
မူရင်းတောင်မရှိတော့ဘူး………………………။
သူ (သရက်)
24 Jan 2012

No response to “ငါဟာ ငါပဲလေ”

Post a Comment