သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

စာနာဖေးမ ပရဟိတ

စာနာဖေးမ ပရဟိတ
ဆောင်းအကုန် နွေအကူးရောက်ပြီဆိုတာနဲ့ လူရော တိရစ္ဆာန်များ အတွက်ပါ သောက်/ သုံးရေ ပြတ်လပ်လေ့ရှိသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စမ်းမကြီးကျေးရွာတွင် သောက်/သုံးရေ အဆင်ပြေစေရန် ကံဟောင်း ဆည်ဟောင်းများ ပြုပြင်ခြင်း၊ ရေတွင်းများ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများကို သရက်မြို့ ရှစ်မျက်နှာ ပရိယတ္တိ စာသင်တိုက်မှ နာယကဆရာတော်များ ဦးဆောင်လျှက် သံဃာတော်များမှလည်း ဒကာ/ဒကာများနှင့်အတူ ၀ိုင်းဝန်းကူညီခဲ့ကြသည်။ ၂၀၁၂-ခုက စတင်ခဲ့ပြီး ၂၀၁၃/၁၄ တွင် အောင်မြင်စွာ အကောင်ထည်ဖော်နိုင်ခဲ့သည်။



ပရဟိတ မွန်မြတ်လှ

နွမ်းပါးရှာသူ၊ ချို့တဲ့သူကို
ကူညီမ,စ၊ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။

မိဘမဲ့သူ၊ ကံဆိုးသူကို 
ကူညီယုယ၊ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။


မသန်စွမ်းသူ၊ အားနွဲ့သူကို
ကူညီဖေးမ၊ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။


မကျန်းမာသူ၊ နာသောသူကို
ကူညီစောင်မ၊ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။


ပညာနည်းသူ၊ ဉာဏ်မွဲသူကို
ကူညီတွဲကြ၊ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။



ကွယ်လွန်ရှာသူ၊ သက်မဲ့သူကို
ကူညီဝိုင်းကြ၊ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။


ဘ၀ခရီး၊ လမ်းမကြီးကို
အသီးသီးသူငါ၊ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ၊ များလှစွာကို
စာနာဖေးမ၊ ကူညီကြသည်
ပရဟိတ၊ မြတ်အလှတည့်။


ပြုကြပုဂ္ဂိုလ်၊ များထိုထို၏
ကုသိုလ်ကောင်းမှု၊ အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။   ။  (မင်းယုဝေ)


No response to “စာနာဖေးမ ပရဟိတ ”

Post a Comment