သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

ရွှေကိုမလို ရေကိုသာ လိုကြသူများ



ရွှေကိုမလို ရေကိုသာလိုသူများ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ စမ္မကြီးကျေးရွာတွင် ယခုနှစ်တွင် ထူးထူးခြားခြား ရေပြတ်လပ်လျှက်ရှိကြောင်း သိရသည်။ ယခင်နှစ်များကလည်း ယခုလို ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။ သို့ရာတွင် ယခုနှစ်တွင်မူ ယခင်နှစ်များနှင့်မတူ လူများအတွက် သောက်သုံးရေသာမက ကျွဲ၊နွားတိရစ္ဆာန်များ အတွက်ပါ သောက်ရေပြတ်လပ်ကာ အတိဒုက္ခရောက်ကြကြောင်းသိရသည်။
အဆိုပါကိစ္စအတွက် သရက်မြို့၊ ရှစ်မျက်နှာ ပရိယတ္တိစာသင်တိုက်၊ နာယက ဆရာတော် ဦးခေမိန္ဒာစာရ ဦးဆောင်သော သံဃာတော်များနှင့် စမ္မကြီးကျေးရွာ ဆရာတော်တို့ ရေရရှိရေးအတွက် ဆောင်ရွက်နေကြောင်းသိရသည်။ သို့ရာတွင် အဆိုပါဆောင်ရွက်မှုသည် လတ်တလောပြဿနာ အဆင်ပြေစေနိုင်မည်မဟုတ်ပေ။ နောက်နောင်နှစ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းသာဖြစ်သည်။ သို့အတွက် လတ်တလောဖြစ်ပေါ်နေသည့် သောက်သုံးရေ အခက်ခဲများ ပြေလည်စေရန် အလှူရှင်များ လိုအပ်လျှက်ရှိသည်။ သောက်သုံးရေ ပြတ်လတ်မှုကြောင့် ၀မ်းပျက်ဝမ်းလျောစသည့် ဘေးထွက်ဆိုးကျိုးများပါ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျှက်ရှိကြောင်းလည်း ကြားသိရသည်။ အဆိုပါကျေးရွာ၏ အနီးဆုံး သောက်သုံးရေနှင့် ကျွဲ-နွားသုံးရေ ရနိုင်သည့်နေရာမှာ တစ်မိုင်ဝန်းကျင်ခန့်ပြီးဝေးပြီး ရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့် အလွယ်တူမရနိုင်ကြောင်းနှင့် နေ့စဉ်နှင့်အမျှ လိုအပ်ချက်ဖြစ်၍ ပိုပြီးခက်ခဲကြောင်းလည်း သိရသည်။
သို့ပါ၍ အလှူရှင်များ မိမိတို့တတ်နိုင်သရွေ့ နည်းများ မဆို ရေကုသိုလ်လှူဒါန်းနိုင် ပါရန် နှိုးဆော်လိုက်ရပါသည်။
ဆက်သွယ်ရန်-
ဦးခေမိန္ဒာစာရ (နာယကဆရာတော်)
ရှစ်မျက်နှာ ပရိယတ္တိ စာသင်တိုက်
ပြည်တော်အေးရပ်ကွက်၊ ၄-လမ်း၊
သရက်မြို့။
ဖုန်း- ၀၆၈-၂၁၁၁၅
***************
 ဆရာတော် ဦးသုနန္ဒ 
စမ္မကြီးကျေးရွာ၊ သရက်မြို့နယ်။













No response to “ရွှေကိုမလို ရေကိုသာ လိုကြသူများ”

Post a Comment